သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အစ္စရေး ဆက်ဆံရေး ပြန်လည် သုံးသပ်မည်


အစ္စရေးဝန်ကြီးချုပ် အိမ်ဖြူတော်ကို ဆိုက်ရောက်စဉ်။ (မေ ၁၈၊ ၂၀၀၉)
အစ္စရေးဝန်ကြီးချုပ် အိမ်ဖြူတော်ကို ဆိုက်ရောက်စဉ်။ (မေ ၁၈၊ ၂၀၀၉)

ဒီသီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ အစ္စရေးလ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် Benjamin Netanyahu ကို ချီးကျုးစကား ပြောကြားခဲ့တဲ့ အမေရိကန် သမ္မတ Barack Obama က ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း ပြန်လည် သုံးသပ်သွားမယ့် အကြောင်း ပြောဆိုလိုက်ပါတယ်။ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အစီအစဉ်ကို လက်ခံမှာ မဟုတ်တဲ့အကြောင်း အစ္စရေးလ် ဝန်ကြီးချုပ်က မှတ်ချက်ပေး ပြောကြားခဲ့ပြီး နောက်မှာပဲ သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာပါ။

၂ နိုင်ငံ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အစီအစဉ်အပေါ် အစ္စရေးလ်ဝန်ကြီးချုပ်နဲ့ ရပ်တည်ချက် သဘောထား အသစ်နဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ ပြန်လည် သုံးသပ်ဖို့ လိုအပ်တဲ့အကြောင်း သမ္မတ အိုဘားမားက တယ်လီဖုန်းနဲ့ ပြောကြားခဲ့တာလို့လည်း အမည်မဖော်လိုသူ သမ္မတ အိမ်ဖြူတော် တာဝန်ရှိသူ တယောက်က ပြောပါတယ်။

အစ္စရေးလ်၊ ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ဆိုပြီး၊ ပါလက်စတိုင်းနိုင်ငံ ထူထောင်မယ့် အစီအစဉ်ကို တသက်လုံး လက်ခံမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က လွှတ်တော် ရွေးကောက်ပွဲ မတိုင်မီမှာပဲ အစ္စရေးလ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

သူမှတ်ချက်ပေး ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ မနေ့တုန်းကတော့ အစ္စရေးလ် ဝန်ကြီးချုပ်က တိတိကျကျ ထပ်မပြောတော့ပဲ စစ်ကင်းမဲ့တဲ့ ပါလက်စတိုင်း တိုင်းပြည်တခုကို သူ့အနေနဲ့ ဆန့်ကျင်မှာ မဟုတ်ဘူးလို့ အမေရိကန် သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပေမဲ့ လတ်တလောမှာတော့ မဖြစ်နိုင်သေးဘူးလို့ ပြောသွားပါတယ်။

ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် ပါလက်စတိုင်း ခေါင်းဆောင်တွေ အနေနဲ့ Hamas စစ်သွေးကြွတွေနဲ့ ပတ်သက်နေတာတွေကို အဆုံးသတ်ပြီး၊ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ လုပ်ရလိမ့်မယ်လို့လည်း အစ္စရေးလ် ဝန်ကြီးချုပ်က အမေရိကန် ရုပ်မြင်သံကြားဌာန MSNBC ကို ပြောဆိုခဲ့တာပါ။

XS
SM
MD
LG