သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်နိုင်ငံက မစ်ဇိုင်းဒုံး အစ္စရေးစစ်တပ် ကြားဖြတ်ပစ်ချ


အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဟူသီသူပုန်တို့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ အဆောက်အဦး (ဇူလိုင် ၁၉၊ ၂၀၂၄)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ဟူသီသူပုန်တို့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ အဆောက်အဦး (ဇူလိုင် ၁၉၊ ၂၀၂၄)

ဒီနေ့မနက်အစောပိုင်းမှာ ယီမင်နိုင်ငံထဲက ပစ်ခတ်ခဲ့တဲ့ မစ်ဇိုင်းဒုံးတစင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။ ဟူသီသူပုန် ပစ်မှတ်တွေကို အစ္စရေး တိုက်လေယာဉ်တွေ တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တာပါ။

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ထိခိုက်သေကျေတဲ့အထိ ဒရုန်းနဲ့ တိုက်ခိုက်ခဲတဲ့ ဟူသီသူပုန်တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဟူသီသူပုန်တွေ အမာခံစခန်းတခုဖြစ်တဲ့ ယီမင်နိုင်ငံ အနောက်ဘက်က Hodeidah ဆိပ်ကမ်းမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က မနေ့နှောင်းပိုင်းမှာပဲ အတည်ပြုခဲ့တာပါ။

ဟာမတ်စ်တွေနဲ့ ဂါဇာမှာ စစ်ဖြစ်နေတဲ့ ၉ လကြာ စစ်ပွဲအတွင်း ဟူသီသူပုန်တွေရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ အစ္စရေးက လက်တုံ့ပြန်တာ ဒီတကြိမ်ဟာ ပထမဆုံး ဖြစ်မယ်လို့လည်း ယူဆကြပါတယ်။

အီရန်နိုင်ငံက အားပေးထောက်ခံထားတဲ့ အုပ်စုတွေနဲ့ ဒေသတွင်းမှာ စစ်ရေးအရ ရင်ဆိုင်နေရတဲ့ အစ္စရေးအတွက် အခုနောက်ဆုံး တိုက်ခိုက်မှုတွေကြောင့် စစ်မျက်နှာသစ်တခု ဖြစ်လာမယ့် အန္တရာယ်လည်း ရှိနေပါတယ်။

Forum

XS
SM
MD
LG