အီရန်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ် Khuzestan က ရေကြီးမှု အခြေအနေတွေကြောင့် မြို့ ၆ မြို့ကျော်က ပြည်သူတွေ ဘေးလွတ်ရာကို သွားဖို့ အစိုးရက အမိန့်ချလိုက်ပါတယ်။
အမျိုးသားနဲ့ လူငယ်တွေအနေနဲ့ နောက်ချန်နေခဲ့ကြပြီး မြို့ထဲ ရေမဝင်အောင် ရေကာတဲ့ တံတိုင်းတွေ ဆောက်ရဖို့ ကူညီဖို့ တောင်းဆိုတဲ့အကြောင်း ပြည်နယ်အကြီးအကဲ Gholamreza Shariati က အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းက တဆင့် ပြောဆိုလိုက်ပါတယ်။
ရေကြီးမှုကြောင့် ပြည်နယ်တွင်းက ပြည်သူ ၄ သိန်းလောက် ရေဘေးသင့်နိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး Abdolreza Rahmani Fazli က အစိုးရရုပ်မြင်သံကြားလိုင်းက တဆင့် ပြောလိုက်ပါတယ်။
ရေကြီးမှုကြောင့် လူ အယောက် ၇၀ သေဆုံးရပြီးပြီလို့ အစိုးရက ပြောပါတယ်။ မြို့ ၁၁ မြို့က လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။