မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အဆောက်အဦး၊ အားကစားကွင်းတွေ ဆောက်လုပ်ရေးနဲ့ အားကစားတွေ လေ့ကျင့်တာအပါအဝင် ၇၅ ရာခိုင်နှုန်းနီးပါး အဆင်သင့် ဖြစ်နေပြီလို့ မြန်မာနိုင်ငံ အားကစားဝန်ကြီး ဌာနက ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလကျရင် ကျင်းပမယ့် အားကစားပွဲတော်မှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲကောင်စီရဲ့ စည်းမျဉ်းနဲ့အညီ တင်းနစ်နဲ့ ဂျွမ်းဘားကလွဲလို့ အားကစား ၃၃ မျိုး ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့အကြောင်း၊ မြန်မာအားကစားသမားတွေ အရည်အသွေး မြင့်မားရေးအတွက် နိုင်ငံတကာ အကူအညီတွေ ရရှိရင် ပိုပြီး ထိရောက်မှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ အားကစားဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက အားကစား ဒုဝန်ကြီး ဦးသောင်းထိုက် ကို ဆက်သွယ်မေးမြန်းထားပါတယ်ရှင်။
မေး။ ။ အားကစားပွဲတွေနဲ့ပတ်သက်ပြီးတော့ ဦးသောင်းထိုက်တို့အနေနဲ့ အားကစား ဘယ်နှစ်မျိုးကို အသေအချာ ကျကျနန စီစဉ်ထားပြီးပါပြီလဲ။
ဖြေ။ ။ ၃၃ မျိုးထည့်ထားပါတယ်။ ၃၃ မျိုးဆိုတာ South East Asian Federation Council ဆိုတာရှိတယ်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကောင်စီပေါ့နော်။ SEADF လို့ အတိုကောက် ခေါ်ပါတယ်။ SEADF မှာ ချာတာရှိပါတယ်။ စည်းမျဉ်းထဲမှာ ရေးထားတာက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတခု ကျင်းပမယ်ဆိုရင် အိမ်ရှင်နိုင်ငံသည် Category ၃ ခု၊ Category A ပြေးခုန်ပစ်နဲ့ ရေကူးအားကစား ကို ထည့်ကို ထည့်ရမယ်။ နောက်တခါ Category B International Olympic ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲမှာ သူတို့ထည့်သွင်းတဲ့ အားကစားနည်း ၂၈ နည်းအနက်က Not less than 14 sports included လုပ်ရမယ်။ Category C Traditional Sports များများရှိတဲ့ ဒီအထဲကနေ ပြီးတော့ Not more than 8 sports included လုပ်ရမယ်ဆိုပြီးတော့ စည်းမျဉ်းရှိပါတယ်။
ကျနော်တို့က အဲ့ဒီစည်းမျဉ်းအတိုင်းပဲ အခု Category A က ၂ ခု၊ Category C က ၈ ခုဆိုတော့ စုစုပေါင်းက ၁၀ ခု၊ ကျန်တဲ့ ၂၃ မျိုးက Category B ထဲက အားကစားနည်း ၂၃ မျိုးကို ထည့်ထား တော့ စုစုပေါင်း ၃၃ မျိုး အခုလာမယ့် SEA Games မှာ ကျနော်တို့ ထည့်သွင်းကျင်းပပါမယ်။
ဒါကလည်း သူတို့တွေ တခြားနိုင်ငံတွေက ကိုယ်အားသာတဲ့ အားကစားနည်း မပါဘူးဆိုပြီးတော့ သူတို့ပြောကြတာ၊ တကယ့်တကယ်တော့ သူတို့တွေ အိမ်ရှင်လုပ်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာလည်း ကိုယ်အားသာတဲ့ အားကစားနည်းကို စည်းမျဉ်းအတွင်းကနေ ထည့်ကြတာ ထုံးစံပါပဲ။ ကျနော်တို့ အနေနဲ့ကတော့ International Sports ထဲ မထည့်ဖြစ်တာကတော့ Ground Tennis နဲ့ Gymnastics မထည့်ဖြစ်ဘူး။ ဒါကလည်း ကျနော်တို့ တခြား အခက်အခဲတွေ၊ ကျင်းပရေးအခက်အခဲတွေ၊ ပြိုင်ပွဲနေရာ အခက်အခဲတွေကြောင့်ပါ။
မေး။ ။ တင်းနစ် မထည့်ဖြစ်ဘူးဆိုတာက တင်းနစ်ကွင်းတွေ မရှိဘူးလို့လည်း ပြောတယ်။ ဒါပေမဲ့ အများက မြင်နေကြတာတော့ ပြိုင်ပွဲဝင်မယ့် အားကစားသမားပေါ့နော် အလုံအလောက် မရှိလို့များလားပေါ့ အဲ့လိုမျိုးတွေလည်း ပြောကြပါတယ်ရှင့်။
ဖြေ။ ။ ဒါကတော့ အိမ်ရှင်ရဲ့ အခွင့်အရေးပါပဲ။ ပြောဖို့လည်း ခက်ပါတယ်။ ကျနော့်ကို မေးတော့ ကျနော်တော့ ပြောတယ်။ တကယ့်တကယ် တင်းနစ်ကို Organize လုပ်မယ်ဆိုရင် ကျနော်တို့က ကစားကွင်းနဲ့ နောက် ဘေးမှာ တခြား ကစားကွင်း ၈ ခု၊ ၉ ခုလောက်ပေါ့ စုစုပေါင်း တင်းနစ်ကွင်း ၉ ခုလောက်ကို Grouping International Standard နဲ့ ပြန်လည်တည်ဆောက်ရမယ်။
အခုအချိန်မှာ ကျနော်တို့က အချိန်ကလည်း နည်းနည်းကပ်လာတော့လေ သိမ်ဖြူကွင်းတို့ ဘာတို့ကလည်း နည်းနည်း ဟောင်းနေပြီ။ အဲ့တော့ နေရာထိုင်ခင်း ကျင်းပရေး အခက်အခဲလို့ပဲ ကျနော်တော့ ပြောလိုပါတယ်။
မေး။ ။ ဂျွမ်းဘားနဲ့ ပတ်သက်လို့ရော။
ဖြေ။ ။ ဂျွမ်းဘားနဲ့ပတ်သက်လို့လည်း ကျနော်တို့ အဲ့ဒီ အခက်အခဲတွေပါပဲ။ ဒီလိုပဲ ကျနော် ဖြေချင်ပါတယ်။
မေး။ ။ အခုလာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး အတွက် မြန်မာနိုင်ငံရဲ့ ပြင်ဆင်မှုပေါ့နော် ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ဘယ်လောက်လောက် ပြီးစီးနေပါပြီလဲရှင့်။
ဖြေ။ ။ ကျနော်တို့ အဆောက်အဦးပိုင်းကတော့ ၉၀ ရာခိုင်နှုန်း ဝန်းကျင်လောက် ရောက်နေ ပါပြီ။ ကျန်တဲ့ Organization ပေါ့ ကော်မတီအရပ်ရပ် ဖွဲ့စည်းပြီးတော့ ကိုယ့်ကော်မတီနဲ့ ကိုယ်ဆောင်ရွက်သင့်တဲ့ဟာတွေကို အားလုံး နိုင်ငံတကာ အဆင့်မီ ကြိုးစားဆောင်ရွက်နေတာတွေ လည်း ၇၅ ရာခိုင်နှုန်းလောက်တော့ ပြီးနေပါပြီ။ နောက် လာမယ့် ၆ လလောက်အလိုဆိုရင်တော့ အားလုံးပြည့်ပြည့်စုံစုံ ကျနော်တို့ အသင့်ဖြစ်အောင် ကြိုးစားနေပါတယ်။
မေး။ ။ အခုတွေ့နေရတဲ့ လောလောဆယ် ပြင်ဆင်မှုတွေထဲက ဦးသောင်းထိုက်အနေနဲ့ တွေ့ရတဲ့ အခက်အခဲ အကျပ်အတည်းတွေကရော ဘာတွေများ ရှိပါသလဲ။ ဥပမာ - အားမလို အားမရ ဖြစ်တာမျိုးတွေရော ရှိပါသလားရှင့်။
ဖြေ။ ။ အခြေအနေကတော့ မဆိုးပါဘူး။ အားကစားသမားတွေလည်း အားလုံးက ပူပန်ကြ တာပေါ့ဗျာ။ မြန်မာအားကစားသမားတွေ အားကစားစွမ်းရည် အရှေ့တောင်အာရှဂွင်ထဲမှာ တခြားနိုင်ငံတွေကို နိုင် နိုင်ပါ့မလား။ ဆုတံဆိပ်တွေကို ယခင်ရတဲ့ ရွှေတံဆိပ်တွေထက် ပိုပြီး ရနိုင်ပါ့ မလား။ ပူပန်ကြတာပေါ့။ ကျနော်တို့မှာ တခြားနိုင်ငံတွေထက် အားသာတဲ့ အားကစားနည်းတွေရှိပါ တယ်။ တချို့ အားကစားနည်းတွေကျတော့လည်း အဆင့်မြင့် နိုင်ငံခြားနည်းပြပေါ့လေ သူတို့ကို ခေါ်ပြီးတော့ အားကစားသမားတွေကို လေ့ကျင့်ပေးမယ်။
ဒါ့အပြင် ကျနော်တို့ အားကစားသမားတွေ ကိုလည်း Joint Training အနေနဲ့ အခြားနိုင်ငံများကို စေလွှတ်ပြီးတော့ လေ့ကျင့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ယခင်အခါများကထက် ဆုတံဆိပ် ပိုရပြီးတော့ ပြည်သူလူထု အားရကျေနပ်အောင် ကျနော်တို့ ကြိုးစားဖို့ အစီအစဉ် ရှိပါတယ်။