မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌဖြစ်တဲ့အခါ
မြန်မာ့နိုင်ငံရေးအတွက် ဘယ်လို အခွင့်အလမ်းကောင်းတွေဖြစ်လာမလဲ၊ စိန်ခေါ်ချက်တွေကရော ဘာရှိမလဲဆိုတဲ့ သုံးသပ်ဆွေးနွေးမှုတရပ်ကို ဝါရှင်တန်ဒီစီက အမေရိကန်တက္ကသိုလ်မှာ မနေ့က ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးသုတေသီတွေ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေ တက်ရောက်သလို၊ အများစုကတော့ အမေရိကန် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကဆိုရင်တော့ မြန်မာသမ္မတ အကြံပေးအဖွဲ့ဝင်အချို့အပြင်၊ မြန်မာ အရပ်ဖက် လူ့အဖွဲ့အစည်းဘက်က မဇင်မာအောင်က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ လက်ရှိ စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့ဆိုရင် အချုပ်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဖြစ်တယ်လို့ မဇင်မာအောင်က ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်နဲ့ ပတ်သက်လို့ မဇင်မာအောင်ကို မခွာညိုက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဖြေ။ ။ “အာဆီယံဥက္ကဌတာဝန် ယူရတာနဲ့ တပြိုင်နက်တည်း ပြည်တွင်း မှာလည်း နိုင်ငံရေး အပြောင်းအလဲတွေက ရှေ့ဆက်ပြီးတော့ သွားဖို့ လိုနေတုန်းပဲပေါ့နော်။ ကျမ ချဉ်းကပ်ပြီးတော့ ပြောခဲ့တဲ့ ရှုထောင့်ကတော့ အရှေ့တောက်လျှောက် Panel တွေမှာ ပြောသွားကြတာတွေက စိန်ခေါ်မှုတွေများတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ Capacity ပေါ့နော် အသွင်ကူးပြောင်းရေးကို ပိုပြီးတော့ ရှေ့ရောက်အောင် လုပ်တဲ့အခါမှာ Capacity၊ Capacity ပဲ ပြောသွားကြတာတွေ များတယ်။ ဒါလည်း ဟုတ်ပါတယ်။ Issue တွေ ဖြေရှင်းရမယ့် ပြဿနာတွေက အရမ်းများလွန်းတယ်။ ဆိုတော့ ဘယ်ဟာကို စ ကိုင်ရသင့်ဆိုတာ ကျမက အဖြေမရှိသလို ဖြစ်နေတယ်။ ဆိုတော့ ကျမကောက်ချက်ဆွဲတယ်။ အဓိက အစနိုင်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ လိုအပ်နေတာက အခြေခံဥပဒေပဲ။ အားလုံးကို စနိုင်မယ့်ခရီးကလေ။ အခြေခံဥပဒေကို Reform လုပ်ဖို့ပေါ့နော်။ အဲ့ဒီရှုထောင့်ကနေပြီးတော့ ကျမက ဆွေးနွေးခဲ့ပါတယ်။”
မေး။ ။ အဲ့တော့ ဒီလိုဆွေးနွေးတဲ့အပေါ်မှာကော တုံ့ပြန်မှု ဘယ်လိုများ ရခဲ့သလဲ။
ဖြေ။ ။ “တုံ့ပြန်မှုက အဓိကကတော့လေ တက္ကသိုလ်တစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျောင်းသားတွေနဲ့ Policy Maker တွေက ဒီ လက်တွေ့ဖြတ်သန်းခဲ့တဲ့သူတွေ၊ နောက်ပြီး လေ့လာထားတဲ့ သူတွေဆီကနေပြီး ဒီ Panel ကနေတဆင့် သူတို့က လေ့လာချင်တဲ့ သဘောပေါ့နော်။ ဒီအမေရိကန် တက္ကသိုလ်က ကျောင်းသားတွေများတယ်။
နောက်ပြီးတော့ ဒီအမေရိကန်မှာရှိတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက များတယ်။ သူတို့မရှင်းတာတွေပေါ့ ကျမတို့တင်ဆက်ခဲ့တဲ့အပေါ်မှာထက်ကို
နောက်ထပ် သိချင်နေတဲ့ သီးခြား သူတို့ကြားနေတဲ့ သတင်းတွေမှာဖြစ်နေ တဲ့ဟာပေါ့နော်။ ဥပမာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ပါ့မလားပေါ့။ ဒါမျိုးတွေပေါ့။ တကယ်လို့ မဖြစ်ဘူးဆိုရင် တချို့ကတော့ အမေရိကန် State Department က ပုဂ္ဂိုလ်တွေကို မေးတာတွေလည်း ရှိတယ်။ အမေရိကန်က ဘယ်လို ပြန်ပြီးတော့ ဘယ် ပေါ်လစီတွေ ထပ် ချမှတ်မလဲပေါ့။ ဆိုတော့ ဒါမျိုးတွေလည်း တွေ့ရတယ် မေးခွန်းတွေ တက်တာတော့နော်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မေးကြပါတယ်။”
မေး။ ။ ဦးကိုကိုလှိုင်တို့ တက်တယ်ဆိုတဲ့ Panel မှာရော သူတို့အနေနဲ့ ဘာတွေ ဆွေးနွေးတယ်လို့ မဇင်မာအောင် သိရပါလဲ။
ဖြေ။ ။ “အထူးသဖြင့်တော့ ဆရာဦးကိုကိုလှိုင်က ဘာပြောသွားသလဲဆိုတော့ သူတို့ အပြောင်းအလဲကို Commitment ရှိရှိနဲ့ လုပ်နေတာကို ပိုပြီးတော့ ပြောသွားတယ်ပေါ့နော်။ Commitment ရှိတယ်ဆိုတာတော့ ယုံပါ။ ဒါပေမဲ့ သူတို့မှာ နိုင်ငံတော်အဆင့်မှာလည်း Capacity မရှိဘူး။ ကိုင်တွယ်ရတဲ့ Issue တွေက အများကြီးပဲပေါ့လေ။ စီးပွားရေးအရတွေ၊ Infrastructure တွေ ဘယ်လိုလုပ်ရတယ်ပေါ့နော်။ ဆိုတော့ တိုင်းပြည်က ဟို ဘယ်လိုပြောမလဲ အတိတ်က ပိတ်ဆို့ထားခဲ့တယ်ပေါ့နော် အကူအညီတွေ လိုတဲ့အကြောင်း ရှိမယ်။ နောက်ပြီးတော့ သေချာတာက သူတို့ဟာ Commitment ရှိရှိနဲ့ လုပ်နေတယ်ဆိုတာမျိုး ဒါကို ပြောသွားပါတယ်။ ဒါကို လက်ရှိအစိုးရရဲ့ လုပ်နေတဲ့ အလုပ်တွေအပေါ်မှာလေ ချဉ်းကပ်ပြီးတော့ ပြောသွားပါတယ်။”
မေး။ ။ သူတို့ကတော့ ဒီအပြောင်းအလဲတွေကို ထောက်ခံဖို့၊ အကူအညီတွေ ပံ့ပိုးပေးဖို့ သူတို့က ပြောခဲ့တယ်ပေါ့နော်။ မဇင်မာအောင်ကျတော့ သူတို့နဲ့ နည်းနည်းလေးများ ကွဲလွဲမလားလို့။
ဖြေ။ ။ “ဟုတ်ပါတယ်။ ချဉ်းကပ်ပုံခြင်းတော့ ကျမတို့ မတူကြဘူးလေ။ တချက်ကဘာလဲဆိုတော့ ကျမက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက တက်ရတာဆိုလို့ ကျမ တစ်ယောက်ပဲရှိတယ်။ ကျမ အဲ့ဒီ Panel ထဲမှာ ကြည့်လိုက်တဲ့အခါကျတော့လေ။ ဆိုတော့ ကျမ အရပ်ဖက်လူ့အဖွဲ့အစည်းအနေနဲ့ရော၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတစ်ယောက် အနေနဲ့ရောပေါ့နော် အမြင်တွေကတော့ မတူကြဘူးပေါ့။ ကျမက နိုင်ငံရေးအရ မြင်တာကတော့ စိုးရိမ်တာကတော့ အပြောင်းအလဲတွေက မြန်လွန်းအားကြီးတယ်။ ဒါပေမဲ့ ကျမတို့က အပြောင်းအလဲက ဘယ်မှာပဲ တွေ့ရလဲဆိုတော့ ကျမထောက်ပြတဲ့အချက်ကလေ Higher Level မှာပဲ Engagement လုပ်နေတယ်။ နေပြည်တော်နဲ့ တကယ့် Elite Level မှာပဲ လုပ်နေပြီးတော့ အပြောင်းအလဲရဲ့ အရသာကို သာမန်ပြည်သူတွေက မခံစားရသေးဘူး။ သာမန်ပြည်သူတွေ ဘာလိုသလဲဆိုတော့ စီးပွားရေးအခွင့်အလန်းတွေ၊ ပညာရေးအခွင့်အလန်းနဲ့ ဒီလူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံဖို့က ဒီအပြောင်းအလဲဟာ ထိထိရောက်ရောက် မဖြစ်သေးဘူး။ ၃ နှစ်ကျော်ကြာလာတဲ့အခါမျိုးမှာ။ ဆိုတော့ ဒါ့အပြင်ကို နိုင်ငံရေးအရလည်းဟုတ်တယ် ဒီမိုကရေစီ အခြေခံဥပဒေကိုယ်တိုင်က ဒီမိုကရက်တစ်မဆန်တဲ့ အရေးသားတွေ၊ အသုံးအနှုန်းတွေအပြင်ကို စာပိုဒ်တွေ ပါနေတဲ့ဟာကို ကျမ ထောက်ပြပြီးတော့ ဆွေးနွေးတယ်။ အကောင်းမြင်တာဟာ လက်တွေ့နဲ့ နည်းနည်းဝေးသွားတာမျိုး ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ အရှိတရားကိုပဲ မြင်ဖို့လို့ပဲ ကျမ ချဉ်းကပ်ပြီးတော့ ပြောပါတယ်။ လက်ရှိ ပြည်သူတွေရဲ့ ဘဝရယ်၊ နိုင်ငံရေးအရ အကြီးကျယ်ဆုံး စိန်ခေါ်မှုဟာ အခြေခံဥပဒေပဲ ဒါကို ကျမ ချဉ်းကပ်ပြီးတော့ ပြောသွားပါတယ်။”
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ မဇင်မာအောင်ကို ဗွီအိုအေ မြန်မာဌာနမှာ ဖိတ်ခေါ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။