သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသစခန်းဆီ အလည်သွားကြမလား


နိုင်ငံတကာ အာကာသစခန်းကို ကုန်သွယ်စီးပွားဆိုင်ရာနဲ့ အရပ်သား လည်ပတ်မူတွေကို ရှေ.နှစ်ဆန်းလောက် စ ခွင့်ပြုတော့မယ်လို့NASA အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ အရာရှိတွေက ဆိုလိုက်ပါတယ်။ ဒီလို ခွင့်ပြုမယ့် ကြေညာချက်ကို NASA အာကာသ အေဂျင်စီ အရာရှိတွေက နယူးယောက်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲလုပ် ပြောခဲ့တာပါ။

ခုလို ခွင့်ပြုလိုက်တာရဲ့ ရည်ရွယ်ချက်က၊အာကာသစူးစမ်းလေ့လာရေးမှာ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမူတွေကို အားပေးဖို့နဲ့၊ ကမ္ဘာဂြိုလ်နဲ့နီးတဲ့ အာကာသထဲမှာ နောက်ပိုင်းကျရင် စီးပွားကုန်သွယ်မူလုပ်ငန်းတွေ လမ်းဖွင့်ပေးဖို့အပြင်၊ နောက်ဆုံး လ အထိ သွားလုပ်စေနိုင်ဖို့ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် နိုင်ငံသားတဦးချင်းစီအနေနဲ့ ပိုက်ဆံပေးပြီး နိုင်ငံတကာ အကာသစခန်းကို အလည်ခရီး တက်ကြည့်နိုင်ဖို့ စီစဉ်နေပါတယ်။

ဒါပေမဲ့ ငွေကုန်ကြေးကျ များတာကြောင့် အစပိုင်း အလည်အပတ် ခရီးစဉ်တွေမှာ အရမ်း ချမ်းသာသူတွေသာ သွားဖို့ တတ်နိုင်လိမ့်မယ်လို့၊NASA ရဲ့ ဘဏ္ဍာရေး အရာရှိ Jeff Dewit က ရှင်းပြပါတယ်။

ဘဏ္ဍာရေးအရှိ Dewit က အာကသခရီးစရိတ်က လူတဦးကို အမေရိကန်ဒေါ်လာ (၅၈) သန်း အထိ ကြီးမားတယ်၊ ဒါကြောင့် အခုလောလောဆယ် စဉ်းစားမိတဲ့ တတ်နိုင်မယ့် ကုမ္ပဏီကြီး (၂) ခုက Boeing လေယာဉ်ကုမ္ပဏီနဲ့ SpaceX ကုမ္ပဏီတွေဖြစ်တယ်လို့ ဆက်ပြောခဲ့ပါတယ်။

အာကာသစခန်းဆီ အလည်သွားကြမလား
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG