သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အားပြင်းငလျင် အသေအပျောက် မသိရသေး


အင်ဒိုနီးရှား အင်အားပြင်းငလျင် ကြောင့် ဒေသခံတွေ ထွက်ပြေးစဉ်
အင်ဒိုနီးရှား အင်အားပြင်းငလျင် ကြောင့် ဒေသခံတွေ ထွက်ပြေးစဉ်

အင်ဒိုနီးရှားနိုင်ငံ မြို့တော် Jakarta အပါအဝင် Java ကျွန်းနားအနီးတဝိုက် မြို့တွေမှာ မနေ့သောကြာနေ့ နှောင်းပိုင်းကပြင်းအား ၆.၅ရှိတဲ့ ငလျင်လှုပ်ခဲ့ပါတယ်။ အဆောက်အဦးတွေ ပြိုကျခဲ့ပြီး လူတွေသေဆုံးမှုရှိခဲ့ပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။

Java ကမ်းရိုးတန်းဝန်းကျင်တလျောက် ငလျင် နောက်ဆက်တွဲ ဆူနာမီဖြစ်လာနိုင်ချေ သတိပေးချက်တွေကို အင်ဒိုနီးရှား အာဏာပိုင်တွေ ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသမှာ အင်ဒိုနီးရှားနိုင်ငံလူဦးရေ တဝက်ကျော်ရှိတဲ့ လူသန်းပေါင်း ၂၅၀ ကျော်နေထိုင်ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာဝါအီကျွန်း အခြေစိုက် ပစိဖိတ် ဆူနာမီသတိပေး စင်တာကတော့ ဆူနာမီဖြစ်လာမယ့် အခြေအနေမရှိသေးဘူးလို့ ပြောထားပါတယ်။ အနောက်ဘက် Java ခရိုင် မှာရှိတဲ့ အဆောက်အဦး တော်တော်များများ ပြိုကျပျက်စီးခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်လှုပ်ရှားမှု ပြတ်ရွေ့များတည်ရှိတဲ့ ပစိဖိတ်မီးတောင်ရပ်ဝန်းအထက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG