ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၊ အာသံပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းတွေမှာ အနည်းဆုံး (၄၁) ယောက် သေဆုံး ခဲ့ရပြီး ကယ်ဆယ်ရေးစခန်းတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေ ထောင်သောင်းချီပြီး ရောက်ရှိနေကြပါတယ်။
Bodo တောင်ပေါ်တိုင်းရင်း သားတွေနဲ့ နောက်ထပ်ဝင်ရောက် အခြေချလာတဲ့ ဘင်္ဂါလီ မူဆလင်တွေကြားမှာ အကြမ်းဘက်တိုက်ခိုက်မှုတွေ ရက်အတော်ကြာ ဖြစ်ပွားခဲ့တာကြောင့် အာသံပြည်နယ်ထဲက လူမျိုးရေး အဓိကရုဏ်းတွေ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေကြပါတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်ပေါ်ရေးအတွက် ဒီဒေသတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ချိုးဖောက်သူတွေကို တွေတဲ့နေရာမှာ ပစ်ခတ်ဖို့ ပြည်နယ်အာဏာပိုင် တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမိန့်ပေးထားပါတယ်။
အာသံပြည်နယ်ဟာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပြီး ဘူတန်နဲ့ နယ်ချင်းထိစပ်တဲ့နေရာတွေမှာ အကြမ်းဘက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ Bodo တောင်ပေါ်တိုင်းရင်း သားတွေနဲ့ နောက်ထပ်ဝင်ရောက် အခြေချလာ တဲ့ ဘင်္ဂါလီမူဆလင်တွေကြားမှာ ပဋိပက္ခတွေဟာ အချိန်ကာလကြာမြင့်စွာကတည်းက ဖြစ်ပေါ်နေခဲ့တာပါ။
အခုမှာ လူပေါင်း နှစ်သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဆိုပါတယ်။ အာသံပြည်နယ် ဝန်ကြီးချုပ် ထာရွန် ဂိုဂိုရီ (Taron Gogori) ဟာ ဒီကနေ့မှာ မငြိမ်မသက် ဖြစ်ခဲ့တဲ့နေရာတွေကို လှည့်လည်စစ်ဆေးခဲ့ပါတယ်။ လာမယ့် စနေနေ့မှာ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်း (Manmohan Sign) လည်း အာသံပြည်နယ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။