မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အနေနဲ့ အန္ဒိယ-မြန်မာ ချိတ်ဆက်ရေး ညီလာခံကို တက်ရောက်ပြီး နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးနဲ့ ဆေးကုသရေး ကိစ္စတွေ အဓိကဆွေးနွေးခဲ့ကြပါတယ်။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မြို.တော် အင်ဖာမှာ မနေ့ကလုပ်တဲ့ ဒီဆွေးနွေးပွဲမှာ နယ်စပ်ဖြစ်တဲ့ အိန္ဒိယ အရှေ.မြောက်ပိုင်းနဲ့ မြန်မာ အနောက်မြောက်ပိုင်းက တဆင့်နှစ်နိုင်ငံ ချိတ်ဆက်ရေးကို ဆွေးနွေးခဲ့ပါတယ်။
ဒီညီလာခံထဲမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh က အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒကြောင့် အရေးပါတဲ့ မြန်မာနိုင်ငံကနေတဆင့် အရှေ့တောင်အာရှ တစ်ခုလုံးနဲ့ ပိုမိုချိတ်ဆက်သွားနိုင်ပြီး နိုင်ငံအားလုံးရဲ့ လူမူစီးပွား အခြေအနေတွေကို မြှင့်တင်နိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
မဏိပူရဝန်ကြီးချုပ်က ဆက်ပြီး နှစ်နိုင်ငံ နယ်စပ်ကိုဖြတ်ပြီး မန္တလေးနဲ့ အင်ဖာမြို့ကြီးအကြား ဘတ်စ်ကားလိုင်း စပြေးဆွဲဖို့ တရားဝင် လိုအပ်တာတွေကို ပြင်ဆင်နေတာ နောက်ဆုံးအဆင့်ကိုေ ရာက်နေပြီ၊ နောက် အိန္ဒိယ-မြန်မာ-ထိုင်း (၃) နိုင်ငံအဝေးပြေး လမ်းမကြီးကိုလည်း အမြန်ပြီးအောင် လုပ်ဆောင်ဖို့ရှိတယ်လို့ ဆက်ပြောခဲ့ပါတယ်။
နယ်စပ်ကုန်းကြောင်း ကနေဖြတ်ပြီး အိန္ဒိယရောက်လာတဲ့ မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒကြောင့် မြန်မာနိုင်ငံက လူနာတွေ အိန္ဒိယ ဆေးရုံတွေမှာ တခြားနိုင်ငံတွေထက် ဈေးသက်သက်သာသာနဲ့ ကျန်းမာရေးစောင့်ရှောက်မူ ပိုခံယူနိုင်စေတယ်လို့ ဆိုပါတယ်။
ဒေါက်တာအောင်မိုးညိုက ဆက်ပြီး မဏိပူရပြည်နယ်ဟာလည်း မြန်မာတွေ ဆေးဝါးကုသခံဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။