(Zawgyi/Unicode)
မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အနာဂတ် အိန္ဒိယ ချစ်ကြည်ရေး ခရီးစဉ်မှာ Darjeeling မြို့ကို မဖြစ်မနေ အလည်အပတ်လာရောက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ဖိတ်ကြားခဲ့ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး M M Naravane နဲ့ အတူ တနင်္လာနေ့က နေပြည်တော်ကို ၂၄ နာရီကြာလာရောက်တဲ့ ခရီးစဉ်အတွင် းနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံချိန်Darjeeling ကထွက်တဲ့ နာမည်ကြီး လက်ဖက်ရည်အထုပ် ဗူးလက်ဆောင်ပေးခဲ့တာပါ။ ဒါအပြင် Darjeeling ဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးအတွင်းဝန်က ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း Darjeeling ကထွက်တဲ့ လက်ဖက်ရည်ကို သူ့အနေနဲ့ ကြိုက်နှစ်သက်ကြောင်းနဲ့ နှင်းဖုံးနေတဲ့ Kanchenjunga တောင်ရဲ့ အထွတ်အထိပ် အရိပ်ကျနေတဲ့တောင်ကုန်းကို အမြဲလို သွားရောက်လည်ပတ်ချင်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါအပြင် Tamil Nadu လက်မှုပညာရှင်တွေ ထွင်းထုထားတဲ့ Vitarka ဗုဒ္ဓရုပ်ပွားတော်ကိုလည်း အိန္ဒိယ ထိပ်တန်းအရာရှိနှစ်ဦးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်ဆောင်ပေးခဲ့ပါတယ်။
အလားတူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန်မှာလည်းDarjeeling ကထွက်တဲ့ နာမည်ကျော်လက်ဖက်ရည်ထုပ် ဗူးလက်ဆောင် ပေးခဲ့ပါတယ်။ အိန္ဒိယမှာ နှစ်ပေါင်းများစွာနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် Darjeeling လက်ဖက်ရည်နဲ့ မစိမ်းဘူးလို့ ဆိုပါတယ်။
အခု အိန္ဒိယ ထိပ်တန်းအရာရှိနှစ်ဦးရဲ့ မြန်မာခရီးစဉ်မှာ COVID-19 ရောဂါကုသတဲ့ နေရာမှာ အကူအညီပေးတဲ့အနေနဲ့ ထိုးဆေး Remdesivir စုစုပေါင်း ၃၀၀၀ ကိုလွဲှပြောင်း ထောက်ပံ့ပေးခဲ့ပြီး လိုအပ်မယ်ဆိုရင် နောက်ထပ် ကူညီဖို့ရှိကြောင်းလည်း ကတိပေးခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီလမှာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အသစ်ဖြစ်လာတဲ့ Harsh Vardhan Shringla အတွက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။
.................
(Unicode)