မုတ်သုံမိုးနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိသွားပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံက ပြည်နယ် ၄ ခုမှာ ကယ်ဆယ်ရေးအဖွဲ့တွေက အကူအညီတွေ လိုက်ပေးနေပါတယ်။ ရေဘေးကြောင့် လူပေါင်း ၁ သန်းကျော် အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရတာပါ။
အနောက်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေဖြစ်ကြတဲ့ Kerala ၊ Karnataka ၊ Gujarat နဲ့ Maharashtra ပြည်နယ်တွေမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး မြစ်တွေ ရေလျှံနေတာကြောင့် ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံနေရတာဖြစ်ပါတယ်။
တောင်ပိုင်း Kerala ပြည်နယ်ကတော့ ရေဘေးဒဏ် အဆိုးဆုံးခံရတဲ့ဒေသပါ။ မိုးနည်းနည်း လျော့သွားပြီး ရေပြန်ကျလာနေတာကြောင့် အကူအညီလိုအပ်နေတဲ့ နေရာတွေမှာ ရှာဖွေရေးနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုပြီးလုပ်လာနိုင်တဲ့အကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
Kerala ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း နှစ် ၁၀၀ နီးပါးကာလအတွင်း အဆိုးရွားဆုံး ရေဘေးဒဏ်ကို ခံခဲ့ရသလို ရေဘေးကြောင့် လူ ၄၅၀ လောက် သေဆုံးခဲ့ရပါတယ်။