လူဝင်မှုကြီးကြပ်ရေးကိစ္စက အမေရိကန်နိုင်ငံရေးမှာ လူစိတ်ဝင်စားမှုများတဲ့ကိစ္စတခုအဖြစ်ဆက်ပြီးရှိနေတုန်းပါပဲ။ နိုဝင်ဘာလကျရင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားဝင်နေထိုင်ခွင့်တွေကို ကန့်သတ်မှုတွေလုပ်ဖို့ အမေရိကန်ပြည်သူအများစုက ထောက်ခံမဲပေးကြမယ့်သဘောတွေ လူထုစစ်တမ်းတွေမှာ မြင်နေရပါတယ်။
ရှေးရိုးစွဲဝါဒီသုတေသနလုပ်ငန်းရဲ့ ပြီးခဲ့တဲ့ဧပြီလတုန်းကလုပ်ခဲ့တဲ့ လူထုသဘောထားကောက်ခံမှု အရ အမေရိ ကန်ပြည်သူတွေရဲ့ သုံးပုံနှစ်ပုံဟာ တရားဝင်နေထိုင်ခွင့်တွေကို လျှော့ချရေး ထောက်ခံကြလိမ့်မယ်လို့ဖေါ်ပြထားပါတယ်။
လက်ရှိအမေရိကန်အစိုးရရဲ့မူဝါဒမှာ ဖြည့်စွက်ထားတာတွေက အမေရိကန်ပြည်ထောင်စုကို တသက်လုံးအလုပ်လုပ် ကိုင်ခွင့်နဲ့ နှစ်စဉ်လူပေါင်း တသန်းလောက်တရားဝင်လာရောက်ခွင့်ပြုထားတယ်။
အစိုးရက တနှစ်ကို လူဘယ်နှစ်ယောက် ထပ်ပြီးလက်ခံသင့်သလဲဆိုတဲ့မေးခွန်းကို စစ်တမ်းမှာမေးတဲ့အခါ ဖြေဆိုသူ၆၄ရာခိုင်နှုန်းက တသက်တာအလုပ်လုပ်ခွင့် ပေးတဲ့အရေအတွက်ကို အစိုးရကလျှော့ချသင့်တယ်လို့သဘောထားပေးကြပါတယ်။
လွန်ခဲ့တဲ့ဇန်နဝါရီလကလုပ်ခဲ့တဲ့ လူထုသဘောထားကောက်ခံမှုမှာလည်း အမေရိကန်ကိုရောက်လာကြမယ့်သူတွေရဲ့တရားဝင်နေထိုင်ခွင့်တွေကို ကန့် သတ်စေချင်တဲ့သဘောတွေတွေ့ရပါတယ်။