မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပိုမို ပွင့်လင်းမှု ရှိလာတယ်ဆိုပေမဲ့ - ဒီ့ထက်မက လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန် ဖို့ဆိုရင် အစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြောလိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတရပ် မရှိသေးတဲ့အတွက် လုပ်ဆောင်ရတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိသလို စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာလည်း နှစ်ဘက်စလုံးက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ - ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ပြောပြပေးပါ။
သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရတက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူတွေကြား ပိုမို နိုးကြားမှု ရှိလာသလို - ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့အညီ တောင်းဆိုဆန္ဒပြခွင့်တွေ ရှိလာတာဟာ တိုးတက်တဲ့ အနေအထားတခုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ - မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ က ပြောပါတယ်။ ဒီလို တိုးတက်မှုတွေ ရှိလာတယ်ဆိုပေမဲ့ - ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးပမ်းနေတဲ့ အစိုးရတရပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့် တယ်လို့ ဦးဝင်းမရ က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။
“နိုင်ငံတော်သမ္မတရုံးရဲ့ ကြေညာချက်အရဆိုရင်ဖြင့် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်းပဲ ကျနော်တို့ စနစ်တကျ ပွင့်လင်းမြင်သာတဲ့ လုပ်ထုံးလုပ်နည်း တရပ်ကို ချမှတ်ပြီး ဆောင်ရွက်သွားမယ်လို့ ကြေညာထားတဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ဒါကို အများကြီး ကြိုဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နေတဲ့အခါမှာ နိုင်ငံရေးကို ပြုလုပ်တဲ့အတွက်ကြောင့်မို့လို့ အကျဉ်းသားဆိုတာ အတင်းပဲ ထောင်ချထားလို့မရဘူးဆိုတာ သဘောမျိုးဖြစ်ပြီးတော့ ပေါ်လွင်စေမှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။”
ဒါ့အပြင် စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နှစ်ဘက်စလုံးကနေ အရပ်သားပြည်သူတွေကို အဓမ္မ စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ၊ ညှင်းပန်းနှိပ်စက်တာလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ စုံစမ်း သိရှိ ရတယ်လည်းလို့ သူက ပြောပါတယ်။ အထူးသဖြင့် လက်ရှိ တိုက်ပွဲတွေ ဖြစ်နေဆဲ ကချင်ဒေသမှာဆိုရင် ပြည်သူတွေအနေနဲ့ အသက်အိုးအိမ် ထိခိုက်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး၊ ကုလသမဂ္ဂ က ပြဌာန်းထားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်တွေကို အစိုးရစစ်တပ်ဘက်ကရော၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကပါ လိုက်နာဖို့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က တိုက်တွန်းသွားခဲ့ပါတယ်။
“ဥပမာဆို ကချင်ပြည်နယ် သွားပြီးတော့ စစ်ဆေးတဲ့အခါမှာ ဒုတိယတခေါက်မှာ ဘာတွေ့ရလဲဆိုတော့ အတင်းအဓမ္မချောဆွဲပြီးတော့ စစ်တပ်ထဲ ဝင်တိုက်ခိုက်ခိုင်းတာမျိုးလေးတွေ တွေ့ရတယ်။ ဒါမျိုးလေးတွေဟာ နှစ်ဘက်စလုံးက လုပ်တာကို ကျနော်တို့ စစ်ဆေးတွေ့ရှိရတယ်။ ဒီလိုအတင်းအဓမ္မတပ်ထဲကို မသွပ်သွင်းဖို့ဆိုပြီးတော့ တိုက်တွန်းတာမျိုးလေးတွေလည်းရှိတယ်။ နောက်တချို့ကိစ္စတွေမှာကျတဲ့အခါကျတော့ အစိုးရပိုင်းက စစ်ဆေးတာတွေ၊ မေးမြန်းတာတွေရှိတယ်။ ဒီလိုစစ်ဆေးမေးမြန်းတဲ့အခါမှာ ညှင်းပမ်းနှိပ်စက်တာမျိုးတွေ လုပ်တာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ကြေညာတဲ့အခါမှာ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အပြည့်အဝ စစ်ဆေးမေးမြန်းပိုင်ခွင့် ရှိငြားသော်လည်းပဲ ညှင်းပမ်းနှိပ်စက်တာမျိုးကို မပြုလုပ်သင့်ဘူးဆိုတဲ့ ဒါမျိုးလေးတွေပေါ့။ ပထမတခေါက် ကျနော်တို့ သွားစစ်ဆေးတုန်းကလည်း ဘာတွေ့ရလဲဆိုတော့ အဲ့ဒီ့မှာ မြေမြုတ်ဗုံးတွေ အများကြီးသုံးတာ သွားတွေ့ရတယ်။ ဒါဟာ လူတွေရဲ့ အသက်အန္တရယ်ကို အများကြီး ထိခိုက်စေတယ်။ လူ့ရဲ့အသက်အန္တရာယ်ဆိုတာ တနည်းအားဖြင့် ပြောရရင် လူ့အခွင့်အရေးထဲမှာ ကာကွယ်ဖို့ အရေးအကြီးဆုံးသော အခွင့်အရေးတခုဖြစ်ပါတယ်။ Land Mine တွေကို မသုံးဖို့ ကျနော်တို့ တိုက်တွန်းခဲ့တယ်။”
ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်ဖို့ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဆွေးနွေးနိုင်ဖို့က အဓိကကျတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ဆောင်ရတဲ့အပိုင်းတွေမှာ အကန့်အသတ်တွေလည်း ရှိနေတာပါ။ လောလောဆယ် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတရပ် တရားဝင် ပေါ်ထွက်လာဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး၊ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ တိုးတက်စေဖို့ဆိုရင် အစိုးရတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းကလည်း အတော်လေးကို အရေးကြီးတယ် လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က ပြောကြားခဲ့ပါတယ်။
“အဓိကကတော့ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအရက အကြံပေးတဲ့ လုပ်ပိုင်ခွင့်ပဲရှိတာပေါ့နော်။ တိုင်ကြားချက်တစ်ခုရတယ်ဆိုရင် ဒီတိုင်ကြားချက်ကို စစ်ဆေးတယ်။ ဘယ်လိုဖြေရှင်းဆောင်ရွက်သင့်တယ်ဆိုတဲ့အကြံပြုချက်ကိုပဲ တင်ပေးလို့ရတယ်။အဲ့တော့ ကျနော်တို့ ဒီကနေ စိစစ်ပေးပို့တင်ပို့ပေးလိုက်တဲ့ တင်ပြချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။ ဥပမာ ကျနော်တို့ပေးပို့လိုက်တဲ့ တိုင်ကြားချက်ကို မဖြေလို့ဆိုရင်သော်လည်းကောင်း၊ ဂရုမစိုက်လို့ဆိုရင်သော်လည်းကောင်း၊ ဒါအဖြေမရဘူး။ အဖြေမရတဲ့အခါမှာ ကြန့်ကြာမှုတွေ အများကြီးဖြစ်တယ်။ လူ့အခွင့်အရေးကော်မရှင်ရဲ့လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုလို့ရှိရင် သက်ဆိုင်ရာ အစိုးရဌာနများရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုဟာလည်းပဲ အများကြီးလိုတယ်ဆိုတာကို ကျနော်တု့ိပြောကြားလိုပါတယ်။ ဒီအပိုင်းမှာတော့ အခြေအနေလေးတွေ အများကြီးကောင်းမွန်ဖို့ လိုပါသေးတယ်လို့ ပြောချင်ပါတယ်။”
“Human Rights Watch” နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ကြီးရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာဆိုရင်လည်း - မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက် လာပြီးနောက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာ ကို တွေ့ရပေမဲ့ - လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် တော်တော်များများမှာတော့ လိုအပ်နေဆဲဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။