သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မြေပြိုမှု ကျောက်တူးသမား ၆ ဦးသေ


ဖားကန့်မြေပြိုမှု ကျောက်တူးသမား ၆ ဦးသေ
ဖားကန့်မြေပြိုမှု ကျောက်တူးသမား ၆ ဦးသေ

ကချင်ပြည်နယ်ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့က တန်နှစ်ရာ နီးပါးအလေးချိန်ရှိတဲ့ ကျောက်တောင်ကမ်းပါးကြီးဟာ အမြင့်ပေ ၁၅၀ ကျော်ကနေ ရုတ်တရက် ပြိုကျခဲ့ပါတယ်။ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပါးအောက်မှာ
တပိုင်တနိုင်ကျောက်စိမ်းတူးသမား (၆) ဦးသေဆုံးသွားခဲ့ပါတယ်။

ဖားကန့်ဒေသမှာတရားမဝင်ကျောက်စိမ်းတူးဖော်မူတွေကို အစိုးရအနေနဲ့ ထိန်းချုပ်နိုင်မူမရှိတာကြောင့်အခုလိုဖြစ်ရပ်တွေဖြစ်နေရတယ်လို့ ဒေသခံတွေနဲ့လွတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။


မကြာခဏဆိုသလို ကျောက်တူးဖော်ရင်မြေစာပုံပြိုကျတာ သက်တမ်းကုန်နေတဲ့ ကျောက်တွင်းကမ်းပါးတွေပြိုကျတာတွေ ကြောင့်တနှစ်နဲ့ တနှစ်လူရာဂဏန်းလောက်သေဆုံးနေကြတဲ့ဖားကန့်ဒေသမှာ တနင်္ဂနွေနေ့က ကမ်းပါးပြိုတာကြောင့်လူ ၆ဦးသေဆုံးပြီး တချို့လည်း ထိခိုက်ဒဏ်ရာရမူတွေဖြစ်ခဲ့ပါတယ် ။ ဒါဟာတူးဖောက်ပြီးသား ကျောက်တွင်းတခုက
ကမ်းပါးတွေပြိုကျခဲ့တာကြောင့်လူ ၆ဦးသေဆုံးခဲ့တာဖြစ်ကြောင်းဒေသခံလည်းဖြစ်
အလွတ်သတင်းထောက်လည်းဖြစ်တဲ့ ဦးဇော်မိုးထက်ကပြောပြပါတယ်။

"ဘေးကသက်တမ်းရှိတဲ့ ကုမ္ပဏီတွေက မိုင်းခွဲတာကြောင့်တုန်ခါမူကြောင့်
ကမ်းပါးက မခိုင်တော့ ရုတ်တရက်ပြုတ်ကျတာပေါ့။ တနိုင်တပိုင် ကျောက်တူးတဲ့သူတွေအိပ်နေချိန် အဲဒီ၆ယောက်က ထမင်းစားပြီး အိပ်နေချိန်ပြုတ်ကျတာပေါ့။ အနားမှာ
တူးနေတဲ့သူတွေလည်းရှိတယ်။ ကမ်းပါးက သူတို့ဘက်မကျပဲနဲ့ ဟိုဘက်အိပ်နေတဲလူတွေဘက်ကိုပြုတ်ကျတာပေါ့။ တန် ၂၀၀လောက်ရှိတယ် ကျောက်တုံးက
အမြင့်ကလည်း ပေ၁၅၀လောက်ရှိတယ် အကုန်သေသွားတယ်။ အကုန်လုံးစီစီညှက်ညှက် ပွဲချင်းပြီးတယ်"

၂၀၁၇ခုနှစ်ထဲမှာတော့ ၂၀၁၈ခုနှစ်မှာပါ ရာဂဏန်းလောက သေဆုံးမူူဖြစ်နေတဲ့ ဖားကန့် ရဲ့ အခြေအနေကို သေချာစာရင်းပြုစုထားတာတဲ့ ဦးဇော်မိုးထက်ကတော့အမြင့်ပေ ၂၀၀၀န်းကျင်ကနေ အမြင့် ပေ ၆၀၀လောက်ရှိတဲ့သက်တမ်းကုန်ပြိးသား ကျောက်ကျောတွေကိုတူးဖော်ပြီးသားနေရာတွေ ၅၀လောက်ရှိသေးတာမို့ကျောက်တူးသမားတွေအတွက်နောက်ထပ် အန္တရာယ်ရှိနိုင်သေးတယ်လို့လည်းဆက်ပြောပြပါတယ် ဒီအတွက်အစိုးရဘက်က တရားဥပဒေစိုမိုးရေးကိုသေချာတိတိကျကျလုပ်ဆောင်ဖိုလိုတယ်လို့ထောက်ပြခဲ့ပါတယ်။

"ကျနော် ဓါတ်ပုံရိုက်ပြီး စာရင်းပြုစုတာက အဲဒီလိုမျိုးသက်တမ်းလွန် အကွက်တွေက ၅၀လောက်တွေ့တယ်။ ကျောက်စိမ်းလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး တက်တက်လာခြင်း ၂၀၁၆ ဧပြီ လောက်မှာ သက်တမ်းမတိုးပေးဘူးပြောတယ်။ အဲဒီလို ပြောရုံနဲ့ မပြီးသေးဘူး။ သက်တမ်းမတိုးပေးပေမယ့် သူနောက်မှာ လိုက်လုပ်ရမယ့် အလုပ်တွေရှိတယ်။
အဲဒီလုပ်ကွက်တွေကို စောင့်ကြည့်ရမှာတွေရှိတယ်။ တကယ်ကြပ်ကြပ်မတ်မတ်လုပ်ရဲ့လားပေါ့ ကျနော်တိုမြင့်တွေတာ့စောင့်ကြည့်တာ ကုမ္ပဏီလိုပဲ စက်ယန္တယားကြီးတွေနဲ့တရားမဝင်တူးနေတာတွေလည်းတွေ့တယ်။ လုံးဝမထိန်းချုပ်နိုင်ဘူး အကုန်လုံး တရားဥပဒေစိုမိုးမူရှိမှာကျနော်တို့ အစိုးရတွေ အားရတာမရတာပြောလို့ရမယ် အခုဟာကတော့ဘာမှအားမရဘူး အကုန်လုံးကို ဆုံးရှုံးနေတာဗျာ။ လုပ်ကွတ်တကွက်ကို ကျပ်သိန်းပေါင်း ၈ထောင် တသောင်းတန်တဲ့နေရာမှာ ထင်သလိုတရားမဝင်ဝင်တူးနေကြတာ
ရဲကလည်းမြင်တာပဲတပ်မတော်ကလဲမြင်တာပဲ။"

လူပေါင်းထောင်ချီပြီး ကျောက်တူးနေတဲ့ နေရာမှ ာရဲတပ်ရင်း ၃ရင်းနဲ့ စစ်တပ်က
တပ်မ တခုရှိပေမဲ့ တရားမဝင်ကျောက်တူးဖော်မူတွေရေမဆေးကျောက်ရှာဖွေနေသူတွေကို ထိန်းချုပ်နိုင်တာမျိုးတွေတော့မရှိသေးဘူးလို့ဆိုပါတယ်။ မကြာခနဆိုသလို ပစ်ခတ်မူတွေဖြစ်ခဲ့ပြိး လူသေဆုံးမူတွေရှိနေတာပါ။ ရဲတပ်ဖွဲအင်အား ၁၅ဦးခန့်နဲ့ လူထောင်နဲ့ချီပြီး တူးဖော်နေမူတွေကို မထိန်း ချုပ်နိုင်ဘူးလိုလည်း ဆိုပါတယ်။ အခုဆိုရင် ဖားကန့်မှာရှိတဲ့ ကျောက်တူးလို့ရတဲ့ မှော်တွေအားလုံးမှာဆိုရင် လူဦးရေ ၃သိန်းထက်မနည်းဟာ ကျောက်တူးနေတာ ကျောက်ရှာနေတာတွေကို လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်မူတွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရတော့ ထိန်းချုပ်ဖို့ ခက်ခဲတာကြောင့် ပြည်ထောင်စုအစိုးရကိုပဲ ထိန်းချုပ်ဖို့ တင်ပြခဲ့တယ်လို့ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။

အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအဝင် သဘာ၀ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက အမျိုးသားဒီမိုကရေစီအဖွဲချုပ် အစိုးရသစ် တက်လာကစကတော့ ၂၀၁၆ခုနှစ်ထဲမှာ တောင်းဆိုထားပေမဲ့ကျောက်စိမ်းတူးဖော်မူတွေကတော့ ဆိုင်းငံ့ထားတာမရှိပဲဆက်လက်တူးဖော်နေဆဲဖြစ်သလို လူသေဆုံးမူတွေကလည်းမကြာခနဆိုသလိုဖြစ်ပေါ်နေပါတယ်။ အဲဒီဒေသမှာတရားမဝင်ကျောက်တူးဖော်မူနဲ့အတူမူယစ်ဆေးဝါးပြသနာတွေနဲ့ တခြားမူခင်းပြသနာတွေလည်းအများအပြားရှိနေတာကို ထိန်းချုပ်နိုင်တာမျိုးမရှိသေးဘူးလို့ လည်းဒေသခံတွေပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG