သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒပြ


အမေရိကန်အလံများ ဝှေ့ယမ်းဆန္ဒပြနေသည့် ဟောင်ကောင်ဒေသခံများ။ (စက်တင်ဘာ ၈၊ ၂၀၁၉)
အမေရိကန်အလံများ ဝှေ့ယမ်းဆန္ဒပြနေသည့် ဟောင်ကောင်ဒေသခံများ။ (စက်တင်ဘာ ၈၊ ၂၀၁၉)

ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေဟာ တရုတ်အစိုးရအပေါ်မှာ နိုင်ငံတကာ ဖိအားပေးလာအောင် လုပ်တဲ့အနေနဲ့ ဒီကနေ့မှာတော့ ဟောင်ကောင်မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးရှေ့မှာ သွားရောက်စုဝေးခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ ဟောင်ကောင်ရဲ့ စီးပွားရေးဇုန်မှာရှိတဲ့ ပန်းခြံမှာ စုဝေးခဲ့ကြပြီးတော့ သူတို့ဟာ အဲဒီနားမှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြတဲ့သူတွေထဲက တချို့တွေကတော့ အမေရိကန်အလံတွေကို ကိုင်ဆောင်ခဲ့ကြပြီး တရုတ်အစိုးရအနေနဲ့ ဆန္ဒပြတဲ့သူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောလာအောင် အမေရိကန်အနေနဲ့ တရုတ်အစိုးရကို ဖိအားပေးပြီး ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ မကြာသေးခင်က တင်သွင်းခဲ့တဲ့ ဥပဒေကြမ်းကို ကွန်ဂရက်လွှတ်တော်အနေနနဲ့ အတည်ပြုပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေဖြစ်တာဟာ အခုဆိုရင် ၃ လ ရှိသွားပြီဖြစ်ပြီး အဲဒီဆန္ဒပြမှုတွေအတွင်း လူတွေ သန်းနဲ့ချီပါဝင်ပြီး လမ်းတွေပေါ်ကိုထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိန်ဆီကနေ တရုတ်နိုင်ငံကို လွဲှပြောင်းပြီးတဲ့နောက်ပိုင်း တရုတ်အစိုးရရဲ့ အုပ်ချုပ်မှုကို အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။

တရုတ်နိုင်ငံကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကြောင့် ဟောင်ကောင်မှာ အခုလို ဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီဥပဒေကြမ်းကို ပြန်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG