တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်ကဖြစ်ခဲ့တဲ့ Tiananmen ရင်ပြင်အရေးအခင်း နှစ်ပတ်လည် ဆုတောင်းပွဲတွေကို စီစဉ်ခဲ့ကြတဲ့ ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ယောက်ကို ထောင်ဒဏ် ၄ လခွဲစီ ချလိုက်ပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပေါ် ပြစ်မှတ်ထားဖို့ ပြဌာန်းထားတယ်လို့ ဝေဖန်ခံနေရတဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ ထောင်ချခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဟောင်ကောင် မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း ၃ ယောက်ဟာ အဖွဲ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ အာဏာပိုင်တွေကို ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး တရားစွဲခံခဲ့ရတာပါ။ ဒီအမှုအတွက် အမြင့်ဆုံး ထောင်ဒဏ်က ၆ လ ဖြစ်ပါတယ်။ ပြစ်ဒဏ် ချခံရသူတွေကတော့ Chow Hang-tung, Tang Ngok Kwan နဲ့ Tsui Hon Kwong တို့ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အမှန်တရား၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုတို့အတွက် တောက်လျှောက် လုပ်လာတဲ့အတိုင်း ဆက်ပြီးလည်း လုပ်သွားမှာ ဖြစ်တယ်လို့ ထောင်ဒဏ်ချ မခံရခင် Chow Hang-tung က ပြောကြားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၄ ရက်နေ့က ဟောင်ကောင်မှာ ပြုလုပ်ခဲ့တဲ့ တီရန်နင်မင်ရင်ပြင် နှစ်ပတ်လည် ဆုတောင်းပွဲကို လူအမြောက်အများ လာရောက်ခဲ့ပြီး၊ တရုတ်မြေပေါ်မှာ တီရန်နင်မင်ရင်ပြင်နဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ အခမ်းအနားတွေထဲမှာ အကြီးကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။
==== Unicode ======