သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အဓမ္မ မြေယာသိမ်းဆည်းမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ မတရားဖမ်းဆီးမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆက်လက်လုပ်ဆောင်နေတုန်းပဲလို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အဖွဲ့က ပြောဆိုလိုက်ပါတယ်။
စစ်တပ်ကနေ ပြည်သူလူထုဆီက မြေယာသိမ်းဆည်းမှု အများဆုံး လုပ်ဆောင်နေတယ်လို့ လူအခွင့်အရေး လှုပ်ရှားသူတွေကပြောနေတဲ့ တပြိုင်တည်းမှာပဲ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ မြေယာသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်ကလည်း မြေယာသိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့ လယ်ယာမြေဥပဒေနဲ့အညီ ပကတိအခြေအနေမှန်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၀၆ ခုကို ထုတ်ဖော် မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း စစ်တပ်ကနေ ပြည်သူလူထုအပေါ်မှာ ဆက်လက် ကျူးလွန်နေဆဲဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတဲ့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND Burma) ရဲ့ အစီရင်ခံစာထဲမှာ တိုင်းရင်းဒေသတွေမှာ မြေယာသိမ်းဆည်းမှုက အများဆုံးဖြစ်တယ်လို့ လူ့အခွင့်အရေးကွန်ရက်အဖွဲ့ရဲ့ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဝင် လွေးပိုးညိူင်းက ဆိုပါတယ်။
“အဖြစ်အများဆုံးကတော့ မြေယာသိမ်းဆည်းမှုနဲ့ ညှဉ်းပမ်းနှိပ်စက်မှုပါပဲ။ မြေယာသိမ်းဆည်းမှုကတော့ မြန်မာပြည် တပြည်လုံးမှာ ဖြစ်ပျက်နေတာပေါ့နော်။ ဒါပေမဲ့ ကျမတို့သတင်း အချက်အလက် မှတ်တမ်းအရ အများဆုံး ဖြစ်ပျက်နေတာက တိုင်းရင်းသားဒေသတွေဘက်မှာ Development Projects တွေ လုပ်ဆောင်တဲ့ နေရာတွေမှာ အများဆုံး တွေ့ရတာပေါ့။ ဥပမာအားဖြင့် မွန်ပြည်နယ်တို့၊ ချင်းပြည်နယ်တို့ဘက်မှာ ဆိုလို့ရှိရင်လည်း လယ်ယာသိမ်းဆည်းမှုတွေကို အများဆုံး တွေ့ရှိရတယ်။”
အခုအစီရင်ခံစာပါ မြန်မာနိုင်ငံတဝှမ်း မြေယာသိမ်းဆည်းမှုတွေ အများဆုံး ဖြစ်ပျက်နေတဲ့အထဲ စစ်တပ်ကနေ ပြည်သူလူထုဆီက မြေယာ သိမ်းဆည်းမှုတွေ အမြောက်အများ ရှိခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်က အလားတူ ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ စုံစမ်းရေးကော်မရှင် ဦးဖေသန်းက ပြောပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ဆီမှာဆိုရင် တပ်ရင်းတပ်ဖွဲ့တွေ တည်ဆောက်တဲ့နေရာအပြင်ကို သူတို့က စီးပွားရေးလုပ်မယ်ဆိုပြီး သိမ်းထားတဲ့မြေတွေက အများကြီးရှိတယ်။ မွေးမြူရေးတို့၊ စိုက်ပျိုးရေးတို့ ပုဇွန်မွေးကန်တို့ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး လုပ်ထားတဲ့ကိစ္စတွေက အများကြီးရှိတယ်။ အခု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒအရ သူတို့နဲ့မဆိုင်တဲ့ မြေတွေကို ပြန်ပေးမယ်လို့ ပြောထားတော့ အဲ့ဒီအပေါ်မှာ ကျနော်တို့ စောင့်ကြည့်နေပါတယ်။”
ဒီလိုမြေယာသိမ်းဆည်းခံရမှုတွေဟာ လယ်ယာမြေဥပဒေအရ ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ပေးပြီး အသိမ်းခံ လယ်သမားတွေဟာလည်း ဆုံးရှုံးနစ်နာမှု မရှိရအောင် အစိုးရတာဝန်ရှိသူတွေက ဖြေရှင်းပေးနိုင်ဖို့အရေး မြေယာသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်က ဆောင်ရွက်ပေးနေတယ်လို့လည်း ဦးဖေသန်းကပြောပါတယ်။
“လယ်သမားတွေဘက်မှာ အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဌာနဆိုင်ရာလမ်းကြောင်းက ဖြေရှင်းခဲ့ပြီးပြီ။ တိုင်ကြားစာတွေလည်း ပို့ခဲ့ပြီးပြီ။ ဒါပေမဲ့ ဌာနဆိုင်ရာက ဖြေရှင်းတဲ့အခါမှာ လက်ရှိ လက်ဝယ်လုပ်တဲ့သူဘက်က အထောက်အထားတွေ အပြည့်အစုံရှိအောင် သူတို့က တချိန်က လုပ်ထားတော့ လယ်သမားတွေမှာ ဘာမှ အထောက်အထားတွေ မရှိတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ အဲ့ဒါ ကျနော်တို့ကော်မရှင်ရဲ့ အဓိက စုံစမ်းချက်ကတော့ ကျနော်တို့ နယ်ကို ဆင်းတယ်။ ဒါက ဘာကြောင့် အသိမ်းခံထားရသလဲ။ မူလအစက ဘယ်သူပိုင်ခဲ့တာလဲ ဒီအပေါ်မှာ အခု သိမ်းတဲ့သူတွေက ဘယ်လို ရသွားတာလဲဆိုတဲ့ အထောက်အထားအပေါ်မှာထက် လက်ရှိ ပကတိအခြေအနေအပေါ်မှာ ကျနော်တို့က အဖြေရှာပါတယ်။ ပြီးတော့ ကျနော်တို့က အဲ့ဒီအပေါ်မှာ လေ့လာချက်၊ တွေ့ရှိချက်၊ သုံးသပ်ချက်တွေနဲ့ အစိုးရအဖွဲ့ကို ပြန်ပို့ပါတယ်။ အဲ့ဒီအပေါ်မှာ အစိုးရအဖွဲ့က ဖြေရှင်းနိုင်အောင်ဆိုပြီးတော့ ကျနော်တို့က ဖွံ့ဖြိုးမှုအခြေခံဥပဒေပုဒ်မ ၂၂၈ နဲ့ တခါ တာဝန်ပေးပါတယ်။ မြေယာသိမ်းဆည်းထားတဲ့အမှုတွေအပေါ်မှာ တမှုချင်း ပြန်ပြီးတော့ ဖြေရှင်းနေပါတယ်။ ပြန်ပေးနေတယ်။ လျော်ကြေးပေးနေတယ်။ ကျနော်တို့က ပြန်ပေးတယ်။ မပေးဘူး။ လျော်ကြေးပေးတယ်ဆိုတာ တခုချင်းသိနိုင်အောင်လို့ လွှတ်တော်မှာ နောက်ထပ် ကျနော်တို့က အဆိုတင်ဖို့ လုပ်နေကြပါတယ်ခင်ဗျ။”
အစိုးရက တဘက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နေတယ် လို့ ပြောဆိုနေတဲ့ တပြိုင်တည်းမှာဘဲ စစ်မက်ဖြစ်ပွားနေဆဲ တိုင်းရင်းသားဒေသတွေမှာ ညှဉ်းပမ်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှုတွေ ရှိနေတုန်းပဲလို့လည်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်က စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ညှဉ်းပမ်းနှိပ်စက်မှုက ဒုတိယအများဆုံးပေါ့နော်။ စစ်ဖြစ်ပွားရာဒေသတွေမှာ အထူးသဖြင့် ကချင်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွေမှာဆိုရင်တော့ ဒီညှဉ်းပမ်းနှိပ်စက်မှုက အဖြစ်အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။”
၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အဖွဲ့ထဲမှာ တိုင်းရင်းသား လူငယ်အဖွဲ့ပေါင်း ၁၀ ဖွဲ့က ပူးပေါင်းပါဝင်ပြီး မြန်မာနိုင်ငံတဝှမ်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကွင်းဆင်းလေ့လာ မှတ်တမ်းယူပြီး အစိုးရတာဝန်ရှိသူတွေ သိအောင် တင်ပြပေးနေတာလည်း ဖြစ်ပါတယ်။