သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google ဝန်ထမ်း ၁ သောင်းကျော်လျှော့မည်


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတွေ့ရတဲ့ ဂူဂဲလ်ကုမ္ပဏီတံဆိပ်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာတွေ့ရတဲ့ ဂူဂဲလ်ကုမ္ပဏီတံဆိပ်

ဂူဂဲလ် (Google) နည်းပညာ ကုမ္ပဏီကြီးရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘတ် (Alphabet) က နိုင်ငံတဝန်းမှာရှိတဲ့ လုပ်သားအင်အား ၁၂,၀၀၀ လျှော့ချသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။ ဒါဟာ ကုမ္ပဏီ ဝန်ထမ်းဦးရေရဲ့ ၆ % ကို လျှော့ချသွားမှာပါ။

ပြီးခဲ့တဲ့ ၂ နှစ်တွင်း လုပ်ငန်းတွေ အကြီးအကျယ် အောင်မြင်ခဲ့တာကြောင့် လူသစ်တွေ ခန့်ခဲ့ရပေမယ့် ဒီကနေ့မှာ အခြေအနေက ပြောင်းသွားပြီ ဖြစ်တဲ့အကြောင်းနဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်အတွက် သူအပြည့်အ၀ တာဝန်ခံသွားမယ်ဆိုတာကို ကုမ္ပဏီအမှုဆောင်အရာရှိ Sundar Pichai က ဒီကနေ့ ဝန်ထမ်းတွေကို စာရေးသား ပေးပို့ခဲ့တာပါ။ အလုပ်လျှော့တဲ့အထဲ ပါဝင်တဲ့ ဝန်ထမ်းတွေကို ကြိုတင်အသိပေးပြီး ဖြစ်ကြောင်းနဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ ဝန်ထမ်းတွေလျှော့ချမယ့် ကိစ္စကိုတော့ စည်းမျဉ်း ဥပဒေတွေက မတူတာကြောင့် အချိန်ယူ လုပ်သွားမယ့်အကြောင်း ပြောပါတယ်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ် Microsoft ၊ ဖေ့စ်ဘုတ်ခ် Facebook ၊ အင်စတာဂရမ် Instagram ၊ တွစ်တာ Twitter နဲ့ အွန်လိုင်းအရောင်းကုမ္ပဏီ အမေဇုန် (Amazon) တို့က ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေ လျှော့ချနေချိန်မှာပဲ အခုနောက်ဆုံး ဂူဂဲလ်ရဲ့ မိခင်ကုမ္ပဏီအယ်ဖာဘတ်ကလည်း ဝန်ထမ်းတွေ လျှော့ချမယ့်အကြောင်း ကြေညာလိုက်တာပါ။

တိုက်ရိုက် လင့်ခ်

[Unicode]




XS
SM
MD
LG