သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်အသင်း ရွှေဆု အများဆုံးနဲ့ ဦးဆောင်


Storms move through Newcastle, Oklahoma, May 6, 2015.
Storms move through Newcastle, Oklahoma, May 6, 2015.
Russia နိုင်ငံ Sochi မှာကျင်းပနေတဲ့ ဆောင်းရာသီ Olympic ဆုဇယားမှာ ဂျာမဏီနိုင်ငံက ရွှေတံဆိပ်ဆု အများဆုံးနဲ့ ဇယားထိပ်မှာ ရှိနေပါတယ်။

လောလောဆယ်အထိ ဂျာမနီက ရွှေတံဆိပ် ၇ ခု ရရှိထားပြီး ဒုတိယရွှေတံဆိပ်အများဆုံးက ရွှေတံဆိပ် ၅ ဆုနဲ့ Switzerland နိုင်ငံဖြစ်ပါတယ်။ အမေရိကန်ကတော့ Canada, Norway, Netherlands နိုင်ငံတွေလိုပဲ ရွှေတံဆိပ် ၄ ခုစီရရှိထားပါတယ်။ အာရှနိုင်ငံတွေထဲကဆိုရင် တရုတ်က ရွှေတံဆိပ် ၂ ခု၊ ဂျပန်နဲ့ ကိုရီးယား တို့က ရွှေ ၁ ခုစီရရှိထားပါတယ်။

Japan နိုင်ငံက Yuzuru Hanyu ဟာ အမျိုးသား Olympic figure skating ပြိုင်ပွဲမှာ ပထမဆုံး အာရှက ရွှေတံဆိပ်ဆုရသူ ဖြစ်လာခဲ့ပါတယ်။ ၃ ကြိမ် ကမ္ဘာ့ချန်ပီယံဖြစ်ထားတဲ့ Canada က Patrick Chan ကို အသက် ၁၉ နှစ်ပဲရှိသေးတဲ့ Hanyu က သောကြာနေ့က နိုင်သွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ စနေနေ့ ပြိုင်ပွဲတွေထဲက ပထမဆုံး ရွှေတံဆိပ်ကိုတော့ Austria နိုင်ငံက Anna Fenninger က အမျိုးသမီး Alpine skiing super-G ပြိုင်ပွဲမှာ ရရှိသွားပါတယ်။ ဆိုချီဆောင်းရာသီ Olympic အားကစား ပြိုင်ပွဲတွေအတွက် စုစုပေါင်းလက်မှာ ၁ သန်းကျော် ရောင်းခဲ့ရတယ်လို့ Olympic ပွဲတာဝန်ရှိသူတွေက ပြောပါတယ်။

ကြာသပတေးနေ့တုန်းက Russia နဲ့ Slovenia တို့ကစားခဲ့ကြတဲ့ အမျိုးသား အုပ်စု A, Ice hockey ပြိုင်ပွဲမှာ
စံချိန်တင်အောင် ပရိတ်သတ်ပေါင်း ၁ သိန်း ၆ ထောင် အားပေးခဲ့ကြပါတယ်။ ဒီပွဲမှာ Russia က Slovenia ကို ၅-၂ နဲ့ နိုင်သွားပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ အမေရိကန်နဲ့ Russia အသင်းတို့ ကစားကြဖို့ ရှိပါတယ်ရှင်။

အခုမကြာခင်ကပဲပြီးသွားတဲ့ Russia နဲ့ အမေရိကန် အမျိုးသား Ice Hockey ပွဲမှာ အမေရိကန်က ၃ ဂိုး Russia က ၂ ဂိုးနဲ့ အမေရိကန်က နိုင်သွားပါတယ်။
XS
SM
MD
LG