သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George W. Bush ပြတိုက်ဖွင့်လှစ်


George W. Bush ပြတိုက်
George W. Bush ပြတိုက်
သက်ရှိထင်ရှား အမေရိကန် သမ္မတ ၅ ဦးဟာ ကြာသပတေးနေ့တုန်းက သမ္မတ ဂျော့ဒဗလျူ ဘုရှ် စာကြည့်တိုက်နဲ့ ပြတိုက် ဖွင့်ပွဲ တက်ရောက်ဖို့ တက္ကဆက် ပြည်နယ် Dallas ကို စုဝေး ရောက်ရှိခဲ့ပါတယ်။ ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မယ်လို့ သံဓိဌာန် ချထားတဲ့ သမ္မတ တိုင်းဟာ ကိုယ့်အကျိုးစီးပွား ထက် နိုင်ငံတာဝန်ကို ပိုပြီး လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က ပြောဆိုလိုက်ပါတယ်။

အခု အမေရိကန် သမ္မတ ပြတိုက်မှာတော့ ရီပက်ပလီကန် သမ္မတရဲ့ ၈ နှစ်တာ သမ္မတသက်တမ်းအတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို အသေးစိတ် ပြသထားမှာ ဖြစ်ပါတယ်။ မစ္စတာ ဘုရှ်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၃ ယောက်မြောက် သမ္မတ ဖြစ်ပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်း ၂ ခု အတွင်း အမေရိကန် ပြည်ထောင်စုဟာ လူပေါင်း ၃ ထောင်လောက် သေဆုံးခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာဘဲ အမေရိကန်က အာဖဂန် နစ္စတန်နဲ့ အီရတ် နိုင်င်တွင်းမှာ စစ်ပွဲ စတင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ဟာရီကန်း ကက်ထရီနားလည်း တိုက်ခတ် ဖျက်ဆီးခဲ့ပြန်ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေ ကတည်းကနေ အကြီးမားဆုံး စီးပွားကျမှုကိုလည်း ကြံ့ကြံ့ခံ ခဲ့ရပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမား၊ သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သမ္မတဟောင်း ဂျင်မီကာတာ တို့ကတော့ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်ရဲ့ အာဖရိက အတွင်း လုပ်ဆောင်ခဲ့မှုတွေ အပေါ်မှာ ချီးကျူးခဲ့ကြပါတယ်။ မစ္စတာ ဘုရှ်ရဲ့ ဆူဒန်နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ရရှိရေး တွန်းအားပေး လုပ်ဆောင်မှုက အစ AIDS နဲ့ ငှက်ဖျား ရောဂါ တိုက်ဖျက်မှုတွေ အတွက် လုပ်ဆောင်ခဲ့တဲ့ အပေါ်မှာ ချီးကျူး ပြောဆိုခဲ့ကြတာပါ။

သမ္မတဟောင်း ဂျော့ HW ဘုရှ်ကတော့ သူ့သားကြီး သမ္မတဟောင်း ဂျော့ဒဘလျူ ဘုရှ်ကို ဂုဏ်ပြု လှုဒါန်းပွဲကို တက်ရောက်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ပရိတ်သတ်ကို ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG