သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

George Floyd သေဆုံးခဲ့ရတဲ့ Minneapolis မြို့ ရဲလုပ်ငန်း ဆောင်ရွက်ပုံတွေကို တရားရေးဌာနက စုံစမ်းစစ်ဆေးမည်

(Zawgyi/Unicode)

အမေရိကန်အနောက်အလယ်ပိုင်း Minneapolis မြို့တော် ရဲ့ ရဲဌာနတခုလုံးကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့နေချု့ပ် Merrick Garland က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရဲက ဖမ်းဆီးစဉ်သေဆုံးသွားတဲ့ George Floyd အမှုအတွက် ရဲအရာရှိ Derek Chauvin မှာ အပြစ်ရှိကြောင်း တွေ့ရှိရပြီး နောက်တနေ့မှာပဲ အခုလို ကြေညာလိုက်တာပါ။

ရဲလုပ်ငန်းတွေကို လုပ်ဆောင်တာမှာ Minneapolis Police ရဲဌာနအနေနဲ့ အခြေခြေဥပဒေနဲ့ညီမညီ သို့မဟုတ် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ညီမညီ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ တရားရေးဌာန အနေနဲ့ဒီကနေ့မှာ ကြေညာလိုက်ပါတယ် လို့ Garland က တရားရေး ဝန်ကြီးဌာနမှာ ပြောကြားလိုက်ပါတယ်။

အခုအသစ်လုပ်မယ့် စုံစမ်းစစ်ဆေးမှုဟာ ပြည်ထောင်စု ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနဲ့ ကင်းလွတ်ပြီး သီးခြားစီဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလက Floyd သေဆုံး မှုကြောင့် ရဲ ရဲ့ အကြမ်းဖက်မှုတွေ နဲ့လူမျိူးရေးခွဲခြားမှုတွေကြောင့် အမေရိကန်မှာ လူထုအုံကြွမှုတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

တရားခွင်ထဲမှာ Chauvin ရဲ့ ရှေ့နေ Eric Nelson ကတော့ Chauvin ရဲ့ ဒူးဟာ တဘက်ရှေ့နေတွေပြောသလို Floyd ရဲ့ လည်ပင်းမှာ တောက်လျှောက်ရှိနေခဲ့တာမျိူးမဟုတ်ပဲ သူ့ရဲ့ ပုခုံး၊ နောက်ကျောနဲ့လက်မောင်းတွေပေါ်မှာလည်း ရှိခဲ့တယ်လို့ စောတကတက်ခဲ့ပါတယ်။

ဆက်လက်ပြီး ရှေ့နေချုပ် Garland က တိုင်းပြည်ရဲ့ ဥပဒေစိုးမိုးရေး အရာရှိအများစုဟာ ခက်ခဲတဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်ရာမှာ သိက္ခာရှိရှိနဲ့ဥပဒေအတိုင်းလုပ်ဆောင်ကြတာဖြစ်ပြီး အရာရှိကောင်းတွေဟာလည်း ဒီလို အကျင့်ဆိုးတွေကို ခွင့်ပြုတဲ့ စနစ်ထဲမှာ အလုပ်မလုပ်ချင်ကြဘူးဆိုတာ သူယုံကြည်တယ်လို့ပြောဆိုသွားပါတယ်။

Floyd သေဆုံးခဲ့ရမှုမှာ ပါဝင်ပက်သက်တဲ့ အရာရှိတွေဟာ လူမှုအခွင့်အရေးတွေကို ချိူးဖောက် မဖောက် စုံစမ်းစစ်ဆေးဖို့တရားရေးဝန်ကြီးှဌာနက စောစောပိုင်းကတည်းက စုံစမ်းစစ်ဆေးနေတာလည်းဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒန်နဲ့ဒုသမ္မတ Kamala Harris တို့ကလည်း Floyd လို့အမည်ပေးထားတဲ့ ရဲလုပ်ထုံး လုပ်နည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်းတခုကို အတည်ပြုပေးဖို့ကွန်ဂရက်လွှတ်တော်မှာ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

...........

George Floyd သဆေုံးခဲ့ရတဲ့ Minneapolis မွို့ ရဲလုပျငနျး ဆောငျရှကျပုံတှကေို တရားရေးဌာနက စုံစမျးစဈဆေးမညျ

(Unicode)

XS
SM
MD
LG