သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာ တပတ်အတွင်း ၅၀၀


photo-ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာမတ်လ (၅)ရက်နေ့က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ( Royal Thai Army)
photo-ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာမတ်လ (၅)ရက်နေ့က ဖမ်းမိတဲ့မြန်မာနိုင်ငံသားများ( Royal Thai Army)

ထိုင်းမြန်မာနယ်စပ်၊ ထိုင်းမလေးနယ်စပ် စတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်နယ် (၇) ခုလောက်မှာ မတ်လ ၁ ရက်နေ့က မတ်လ ၇ ရက်နေ့ အထိ တပတ်အတွင်း လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား (၅၀၀) လောက်အစုအဝေးနဲ့ ဖမ်းမိပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးမူနဲ့ကိုဗစ်ကပ်ရောဂါကူးစက်မူတွေများလာတဲ့အတွက် ထိုင်းပြည်တဲရေးဝန်ကြီး ဌာနက ပြည်နယ်အုပ်ချုပ်ရေမှူးတွေကိုလုံခြုံရေးအရ ပိုမိုစောင့်ကြည့်စစ်ဆေးဖို့ ညွန်ကြား ချက်ထုတ်ပြန် ထားချိန်မှာပဲ ထိုင်းမြန်မာနယ်စပ်ပြည်နယ်တွေမှာတပတ်အတွင်းမြန်မာနိုင်ငံသား (၅၀၀) ဝန်းကျင် ဖမ်းဆီးခံရကြောင်း မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဌ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းမြန်မာနယ်စပ်ဝင်ပေါက်အသီးသီးကနေ နေ့စဉ်ဆိုသလိုပဲ အလုပ်အကိုင်ရှာဖွေဖို့လာကြတဲ့ မြန်မာတွေအတော်များများ တရားမဝင်ခိုးဝင်တယ်။ ၂၀၂၂ခုနှစ်မတ်လ ၁ ရက်နေ့ကနေ ၇ ရက်နေ့ထိ ခုနစ်ရက်အတွင်းမှာမြန်မာ (၅၀၀) ဝန်းကျင်လောက်အတိအကျပြောရရင် ၄၉၆ ယောက် ဖမ်းမိတဲ့အကြောင်းထိုင်းလုံခြုံရေးအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။"

ထိုင်းမြန်မာနယ်စပ်တွေမှာတော့ အစုလိုက်အပြုံလိုက်အဖမ်းခံရသလို ထိုင်းမလေးနယ်စပ်မှာလည်း လူကုန်ကူးသူတွေ စွန်ပစ်ထားခဲ့တဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရတာတွေလည်းရှိနေတာပါ။ ထိုင်းမြန်မာနယ်စပ် ရနောင်းဘက်မှာတော့- တည်ခိုခန်းတခုမှာ တည်းခိုနေတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရတွေရှိပါတယ်။ ပြည်နယ် (၃) ခုလောက်မှာတော့အစုအဝေးနဲ့ဖမ်းဆီးခံရတယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

"အများဆုံးဝင်ရောက်တာကတော့ကမ်ချနဘူရီပြည်နယ် ဒုတိယအများဆုံးကတော့ ပရာကျွန်ခီရီကန်ပြည်နယ်၊ တတိယအများဆုံးက တာ့ခ်ပြည်နယ်ထဲကဖြစ်ပါတယ်။ချင်းမိုင်ပြည်နယ်ချင်းရိုင်ပြည်နယ် ရနောင်းပြည်နယ်ထဲမှာလည်းဝင်ရာက်တာရှိတယ် နယ်စပ်မှာမဟုတ်ပဲ ထိုင်းနိုင်ငံအတွင်းပိုင်းဘန်ကောက်အနီးကနကွန်စဝမ်ဆိုတဲ့နေရာမှာလည်း ပစ်ကပ်ကား ၂စီးနဲ့လူ၄၄ယောက်ဖမ်းမိရှိတယ် ထိုင်းမလေးနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ လည်းလူ၄၀လောက်ဖမ်းမိတာလည်းရှိတယ်။"

အခုဆိုရင် ၂၀၂၂ခုနှစ်နှစ်စကစပြိး ဇန်နဝါရီလနဲ့ဖေဖေါ်ဝါရီလ ၂လထဲမှာတောင်မြန်မာနိုင်ငံသား တသောင်ဝန်းကျင်လောက်ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးခံရသူတွေဟာမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မူ့ စီးပွားရေးခက်ခဲမှု တွေကြောင့်အလုပ်အကိုင်ရှာဖွေဖို့အတွက် လူကုန်ကူးသူတွေနဲ့ လာကြရင်းနဲ့ဖမ်းဆီးခံရတာဖြစ်ပါတယ်။
===========================








XS
SM
MD
LG