သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 Donald Trump အိမ်မှ ရယူခဲ့ဲ့တဲ့ စာရွက်စာတမ်းများအထဲ ထိတ်တန်းလျှို့ဝှက်တွေ ပါဝင် (FBI)


Trump FBI
Trump FBI

သမတဟောင်း ဒေါ်နယ်ထရန့်ရဲ့ အိမ်ကနေ သိမ်းဆီးခဲ့တဲ့ စာရွက်စာတမ်း တွေထဲမှာ ပုံး ၁၄ လုံးစာဟာ ကန့်သတ်အဆင့်အတန်း မှတ်တမ်းတွေပါဝင်နေပြီး၊ အဲဒီအထဲမှာ လျို့ဝှက်အဖြစ်သတ်မှတ်ထားတဲ့ အထောက်အထား မှတ်တမ်းတွေပါဝင်နေတယ်လို့ FBI ကသောကြာနေ့မှာ ထုတ်ပြန်တဲ့ ဝန်ခံထွက်ဆိုချက်ထဲမှာဖေါ်ပြထားပါတယ်။

Donald Trump အိမ်မှ ရယူခဲ့ဲ့တဲ့ စာရွက်စာတမ်းများအထဲ ထိတ်တန်းလျှို့ဝှက်တွေ ပါဝင် (FBI)

{{Zawgyi/Unicode}}
ဒီနှစ်အစောပိုင်းက သမတဟောင်း ဒေါ်နယ်ထရန့်ရဲ့ အိမ်ကနေ သိမ်းဆီးခဲ့တဲ့ ပုံး ၁၅ လုံးနဲ့ ထည့်ထားတဲ့ စာရွက်စာတမ်း တွေထဲမှာ ပုံး ၁၄ လုံးစာဟာ ကန့်သတ်အဆင့်အတန်း သတ်မှတ်ထားတဲ့ မှတ်တမ်းတွေပါဝင်နေပြီး၊ အဲဒီအထဲမှာ ထိပ်တန်းလျို့ဝှက်အဖြစ်သတ်မှတ်ထားတဲ့ အထောက်အထား မှတ်တမ်းတွေပါဝင်နေတယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဌာန FBI ကသောကြာနေ့မှာ ထုတ်ပြန်တဲ့ ဝန်ခံထွက်ဆိုချက်ထဲမှာဖေါ်ပြထားပါတယ်။

အများပြည်သူ သိရှိနိုင်ဖို့ စီစစ်ထုတ်ပြန်ထားတဲ့ FBI ရဲ့ ၃၂ နှစ်မျက်နှာပါ ထွက်ဆိုချက်ထဲမှာ၊ သမ္မတ ဒေါ်နယ်ထရန့် တာဝန်ပြီး ဆုံးသွားပြီးနောက် ဖလော်ရီဒါပြည်နယ်က သူ့ရဲ့ Mar-a-Lago မှာသိမ်းဆည်းထားတဲ့ မှတ်တမ်းတွေထဲမှာ အစိုးရမှတ်တမ်းတွေပါဝင်နေကြောင်း၊ ရက်စွဲနဲ့ တကွအသေးစိတ်ဖေါ်ပြထားပါတယ်။ ဒီမှတ်တမ်းတွေကို သိမ်းဆည်းထားတာဟာ တရားမဝင်ဘူးလို့ အမေရိကန်အစိုးရ အနေနဲ့ ယူဆပါတယ်။

အစိုးရရဲ့ ကန့်သတ် သို့မဟုတ် လျို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတဲ့ မှတ်တမ်းတွေကို မမှန်မကန်ရယူပြီး၊ တရားဝင် သတ်မှတ်ထားတာ မဟုတ်တဲ့နေရာမှာ သိမ်းဆည်းထားတဲ့အတွက် အစိုးရအနေနဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း FBI က ရှာဖွေခွင့် ဝရန်းရရှိဖို့ တရားရုံးကို တင်ပြတဲ့ ထွက်ဆိုချက်ထဲမှာဖေါ်ပြထားပါတယ်။

FBI ကနေ သမ္မတဟောင်း ဒေါ်နယ်ထရန့် ရဲ့ အိမ်ကို ဒီနှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ပထမတကြိမ် ဝင်ရောက်ရှာဖွေခဲ့ပြီး ပုံး ၁၅ လုံးစာ မှတ်တမ်းတွေကို အမျိုးသား မှတ်တ မ်းဌာနက ပြန်လည်သိမ်းယူခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ဒုတိယအကြိမ် ထပ်မံရှာဖွေခဲ့ပြီး ကန့်သတ်အဆင့်အတန်း သတ်မှတ်ထားတဲ့ မှတ်တမ်း ၁၁ စုံကို တွေ့ရှိခဲ့တယ်လို့ FBI ကဖေါ်ပြထားပါတယ်။ တွေ့ရှိခဲ့တဲ့မှတ်တမ်းတွေထဲမှာ ၁၈၄ ခုဟာ ကန့်သတ် သို့မဟုတ် လျို့ဝှက်အဆင့်အတန်း သတ်မှတ်ထားတာဖြစ်ပြီး အဲဒီအထဲက ၂၅ ခုဟာ ထိပ်တန် းလျို့ဝှက်သတ်မှတ် ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..............................


{{Zawgyi/Unicode}}





XS
SM
MD
LG