သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာမူဝါဒ Facebook ပြန်သုံးသပ်မည်


Facebook လူမှုဆက်သွယ်ရေးကွန်ယက်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကို ပြန်လည် ဆန်းစစ်သွား မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ မူဝါဒရေးရာပိုင်း ကိုင်တွယ်လုပ်ဆောင်မယ့်သူတွေ နောက်ထပ် လိုအပ်တယ်လို့ Facebook ရဲ့ နည်းပညာဆိုင်ရာ အရာရှိချုပ် CTO က ကြာသပတေးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေဖြစ်အောင် Facebook ကနေ သွေးထိုးလှုံ့ဆော်တာတွေ ရှိထားတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်လာပြီးတဲ့နောက် Facebook ဘက်က အခုလိုပြောလာတာပါ။

Facebook အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကို ပြန်လည်ဆန်းစစ်နေ သလားဆိုပြီး ဗြိတိန် လွှတ်တော် အမတ်တဦးက မေးတဲ့အခါ -

“သိပ်သေချာပါတယ်၊ မြန်မာနိုင်ငံက အခြေအနေဟာ သိပ်ကိုဆိုးပါတယ်၊ မူဝါဒပိုင်း ထိန်းကျောင်း လုပ်ဆောင်မယ့်သူတွေ မြန်မာနိုင်ငံတွင်းမှာ ကျနော်တို့ ပိုလိုအပ်ပါတယ်” လို့ Facebook ရဲ့ CTO ( chief technology officer ) ဖြစ်သူ Mike Schroepfer က ပြန်ဖြေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG