သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီပြောင်းလဲမှုအရေး လှုပ်ရှားသူ လူငယ်များ ဗြိတိန်ဘုရင်မကြီး ချီးကျူးပြောဆို


၂၀၁၉ ခရစ္စမတ်စ် စကားလက်ဆောင် ပြောကြားနေတဲ့ ဗြိတိန်ဘုရင်မကြီး Elizabeth (December 24, 2019)
၂၀၁၉ ခရစ္စမတ်စ် စကားလက်ဆောင် ပြောကြားနေတဲ့ ဗြိတိန်ဘုရင်မကြီး Elizabeth (December 24, 2019)
တိုက်ရိုက် လင့်ခ်


Zawgyi/ Unicode

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေရဲ့ စွမ်းပကား၊ သတ္တိတွေအပေါ် အထူးလေးစား အထင်ကြီးမိတဲ့အကြောင်း ဗြိတိန်ဘုရင်မကြီး Elizabeth က သူ့ရဲ့ ခရစ္စမတ်စ် စကားလက်ဆောင်မှာ ထည့်သွင်း ပြောကြားပါတယ်။
အခုလက်ရှိ မျိုးဆက်သစ်လူငယ်တွေ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေနဲ့ ဘုရင်မကြီး ဆယ်ကျော်သက်အရွယ်က ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေကြား ကွာခြားချက်တွေ ရှိတဲ့အကြောင်းကိုလည်း သက်တော် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးက ပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလျင်အမြန် ကာကွယ်ဆောင်ရွက်ကြဖို့ အရေး တကိုယ်တော်လှုပ်ရှားသူ ၂၀၁၉ ခုနှစ် Times မဂ္ဂဇင်းရဲ့ အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရတဲ့ ဆွီဒင်နိုင်ငံသူ ဆယ်ကျော်သက်မိန်းကလေး Greta Thunberg ကို သန်းပေါင်းများစွာသော လူငယ်တွေ အားကျ အတုယူခဲ့ကြတာပါ။

လူငယ်တွေရဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိနဲ့ စွမ်းဆောင်ချက်တွေအပေါ် အံ့အား သင့်မိကြောင်းလည်း ဘုရင်မကြီးကပြောပါတယ်။
ဗြိတိန်ဘုရင်မကြီး Elizabeth ရဲ့ သားတော်ကြီး Charles မင်းသားဟာလည်း သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ရင် အပြင်းအထန် ဝေဖန်ပြောဆိုလေ့ရှိသူ တဦးဖြစ်ပြီး အဲဒီအတွက်ကြောင့် ဗြိတိန် အပျော်ဖတ် သတင်းစာစောင်တွေက မကြာခန လှောင်ပြောင်ရေးသားလေ့ရှိပါတယ်။

---------------------



XS
SM
MD
LG