သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး လွှတ်တော် ဆွေးနွေးမည်


Muslim Khaloar Abdarahim holds a placard which reads "Not in my name" as he poses inside the Arrahma Mosque after Friday prayers in Nantes, western France after a gathering to pay tribute to French mountain guide Herve Gourdel. Thousands of French Muslims rallied across the country to protest the Islamic State, which many say does not represent their religion.
Muslim Khaloar Abdarahim holds a placard which reads "Not in my name" as he poses inside the Arrahma Mosque after Friday prayers in Nantes, western France after a gathering to pay tribute to French mountain guide Herve Gourdel. Thousands of French Muslims rallied across the country to protest the Islamic State, which many say does not represent their religion.
အငြင်းပွားစရာတွေ ဖြစ်နေတဲ့ Electric Law လို့ခေါ်တဲ့ ဆက်သွယ်ရေး ဥပဒေမှုကြမ်း ကို ပြန်ပြီး ပြင်ဆင်ဖို့ လွှတ်တော်က လက်ခံလိုက်ပြီဖြစ်ပါတယ်။
ပြင်ဆင်စရာတွေရှိနေတဲ့ ဒီဥပဒေမှာ အရင် စစ်အစိုးရလက်ထက် က နိုင်ငံရေးသမားတွေ ကို ဖမ်းဆီးအရေးယူဖို့ လုပ်ထားတဲ့ အချက်တွေ ကို ပယ်ဖျက်ဖို့ လိုတယ်လို့လည်း ဆက်သွယ်ရေး ဥပဒေကြောင့် အကျဉ်းကျခံ ခဲ့ရဘူးသူတွေကပြောပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ လက်ထက်က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ အီလက်ထရောနစ် ဥပဒေကို ပြင်ဆင်ထားတဲ့မူကြမ်းကို လွှတ်တော်က သြဂုတ်လ ၂၁ရက်နေ့ မှာ ဆွေးနွေးဖို့အတွက် သဘောတူ လက်ခံလိုက်ခဲ့တာပါ။
ဒီဥပဒေမှာ ပါတဲ့ မူလပြဌာန်းချက်မှာ အင်မတန်ကျယ်ပြန့်ပြီးတော့ လိုရင် လိုသလို နိုင်ငံရေးအရလည်း တကယ်လည်း သုံးခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်

ဥပဒေထဲမှာပါတဲ့ ပုဒ်မ ၃၃ အရ အရင်က ထောင်ဒဏ် အနည်းဆုံး ၇ နှစ်ကနေ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် သေဒဏ်လည်း ချမှတ်နိုင်တယ် ဆိုတဲ့ ပြဌာန်းချက်ကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၇ နှစ် ချမှတ်ဖို့နဲ့ ငွေဒဏ်ကို ပြင်ဆင်သတ်မှတ်ဖို့ ကို ဦးသိန်းညွန့်က အဆိုပြုခဲ့ပါတယ်။

အရင်က ဒီလို ပြစ်ဒဏ်ကိစ္စတွေကို လွှတ်တော်ထဲမှာဆွေးနွေးဖို့တွေလုပ်ရင် ပယ်ချလေ့ရှိတာ များပေမဲ့ လက်ရှိ အနေအထားအရ ဆွေးနွေးဖို့ လက်ခံတယ် ဆိုတာဟာ တိုးတက်မှု ဖြစ်စဉ်တစ်ခုလို့ ဦးသိန်းညွန့်ကပြောပါတယ်။

"လွှတ်တော်ရဲ့သက်တမ်းမှာ အခုအပြောင်းအလဲတွေဖြစ်လာတယ်။ အရင်တုန်းက ကျနော်တို့က ဒါမျိုးတင်တယ်ဆိုရင် ပယ်ချတာပဲရှိပါတယ်။ အခုဆိုရင် မနေ့က ကျနော်တင်တဲ့ အသင်းအဖွဲ့ဆိုင်ရာဥပဒေ မှာ ပြစ်မှုပြစ်ဒဏ်တွေကို ဆွေးနွေးတဲ့အခါမှာ အရင်တုန်းက ပယ်ဖျက်ဖို့ လျော့ဖို့တို့ဆိုရင် အများကြီးအခက်အခဲတွေ့တယ်။ အခုတော့ ပယ်ဖျက်တာတွေ ပြင်ဆင်တာတွေကို နားလည်လာတဲ့အဆင့်ရောက်လာတယ်။ နားလည်လာတဲ့အဆင့်ရောက်လာတဲ့အတွက် အခုရှေ့ဆက်ပြီးတော့ ကျနော်က ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး တင်ပြတဲ့အခါမှာ အထောက်အကူရလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အခုကလည်း ဆက်သွယ်ရေးဒုဝန်ကြီးအပါအဝင် သူတို့တွေက ပညာရှင်တွေဖြစ်တယ်လေ။ ပညာရှင်တွေဖြစ်တော့ နည်းပညာ ဥပဒေနဲ့ နည်းပညာလုပ်ငန်းတွေကို ရာဇဝတ်ပြစ်မှုတွေနဲ့ တတန်းတည်း ထားပြီးတော့ ဆောင်ရွက်တာ မသင့်တော်ဘူး။ မမျှတဘူး။ ဒီကနေ့ လူ့အခွင့်အရေးစံချိန်စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုတာ သိလာတဲ့အတွက် ကျနော်ကတော့ ဥပဒေကြမ်းကော်မတီကို တင်လိုက်တယ်။"

ပုဒ်မ ၃၄မှာလည်း အရင်က ထောင်ဒဏ် ၅နှစ်ချမှတ်ထားတာဖြစ်ပြီး အခုဆိုရင် ဒဏ်ငွေ မဆောင်နိုင်မှ ထောင်ဒဏ် ၆လကျခံဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၅မှာလည်း ထောင်ဒဏ် ၃နှစ် ချမှတ် ထားတဲ့ နေရာမှာ ငွေဒဏ်နဲ့ပေးဆောင်ဖို့ ပြင်ထားသလို ဒဏ်ငွေ မဆောင်နိုင်မှ သာ ထောင်ဒဏ် ၃လချမှတ် ရမယ်ဆိုပြီး ပြန်လည်ပြင်ဆင် ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်သတ် ဖိနှိပ်မှုနဲ့ နိုင်ငံရေးအရ ပြည်သူအချို့က ဖမ်းဆီးနိုင်ဖို့ လုပ်ထားတဲ့ ဒီ ဆက်သွယ်ရေး ဥပဒေကို လုံ၀ မရှိသင့်တဲ့ ဥပဒေတစ်ခု ဖြစ်တယ်လို့ ယူဆထားတဲ့ လူတွေရှိသလို၊ လူမျိုးရေး ဘာသာရေး လံှုံ့ဆော်မှုတွေ အွန်လိုင်းပေါ်မှာ ဆောင်ရွက်လာရင် အရေးယူနိုင်ဖို့ ခိုင်မာတဲ့ ဥပဒေ တစ်ခု ရှိသင့်တယ်လို့ လည်း ပြောဆိုသူတွေ ရှိနေပါတယ်။

ဆက်သွယ်ရေး ဥပဒေ နဲ့ စစ်အစိုးရ လက်ထက်မှာ ပြဌာန်းခဲ့တဲ့ အချိန် မှာ နိုင်ငံရေးသမားအများစုဟာ အမြင့်ဆုံးထောင်ဒဏ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်လို့ ကိုယ်တိုင်လည်း ဆက်သွယ်ရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရတဲ့ ကိုဇော်သက်ထွေး ကပြောပါတယ်။ ဆက်သွယ်ရေး ဥပဒေကို သုံးပြီးတော့ ပြည်သူတွေကို ပြစ်ဒဏ် မပေးတာ၊ လူမှုကွန်ရက်တွေ ကို အကျိုးရှိရှိ ဘယ်လို အသုံးချခွင့် ပေးနိုင်မလဲဆိုတာကို ကျယ်ကျယ် ပြန်ပြန့် စဉ်းစားပေးဖို့ ဒီဆက်သွယ်ရေးဥပဒေမှာ ထည့်သွင်းသင့်တယ်လို့လည်း ကိုဇော်သက်ထွေး ကပြောပါတယ်။

" အင်တာနက် မီဒီယာကို သေချာ လေ့လာသုံးသပ်ပြီးတော့မှ ဒီဆိုရှယ်မီဒီယာကို ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ မီဒီယာဖြစ်လာအောင် ဘယ်လိုလုပ်လို့ရမယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။ နောက်တခု ဆက်သွယ်ရေးဥပဒေတွေနဲ့ ဒီလူတွေကို ထိန်းချုပ်ပြီးတော့ ပြစ်ဒဏ်ပေးမယ် ဆိုတဲ့ အယူအဆဟာလည်း အလုံးစုံမှန်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း အကြံညဏ်ပေးလိုပါတယ်။"

ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အတွက် ရေးဆွဲထားတဲ့ အပိုင်းတွေ မှာတော့ ပြဿနာမရှိပေမဲ့ သုံးစွဲသူတွေကို ကန့်သတ် ချုပ်ချယ်ထားတဲ့ အပိုင်းတွေကိုတော့သိသိသာသာ ပြန်ပြီးပြင်ဆင်ရမယ်လို့ ဆက်သွယ်ရေးဥပဒေ နဲ့ပဲ အကျဉ်းကျခံရဘူးတဲ့ ကိုနေဘုန်းလတ် ကပြောပါတယ်။

"ဘယ်လိုခေါ်မလဲ တယ်လီဖုန်းကုမ္ပဏီကြီးတွေ ၊ တခြားဟာတွေထက်ကို သာမာန်သုံးစွဲသူ ပြည်သူူလူထု၊ပေါ်မှာ လာပြီးတော့ မထိခိုက်ဖို့ရယ် နောက် ပြည်သူလူထုရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် (Freedom of Expression ) ကို မထိခိုက်ဖို့ရယ်၊ အဲ့လိုမျိုးတွေပေါ့။ အဲ့တာတွေကို အဓိကထားပြီးတော့ ဆွေးနွေးသင့်တာပေါ့။"

ဒီဥပဒေကို ဖျက်သိမ်းပေးဖို့ ဇန်နဝါရီတုန်းက ပထမတကြိမ်တင်ပြခဲ့ပေမဲ့ လွှတ်တော်က လက်မခံပဲ ပယ်ချခဲ့တဲ့အတွက် အခုဒုတိယအကြိမ်အနေနဲ့ ဥပဒေကြမ်းကို ပြန်လည် ပြင်ဆင်ပေးဖို့ ထပ်မံအဆိုပြုတင်သွင်းခဲ့တာပါ။
XS
SM
MD
LG