အောက်တိုဘာလ (၁၆)ရက်နေ့ကနေ (၁၉)ရက်နေ့ထိ ၄ ရက်ကြာမြင့်တဲ့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ချစ် ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံပြည်သူတွေအတွက် အကျိူးဖြစ်စေမယ့် ကုန်သွယ်စီး ပွားရေးအပြင် လျှပ်စစ်စွမ်းအင်၊ နည်းပညာနဲ့ စွမ်းရည်မြှင့်တင် ရေးတွေမှာ အိန္ဒိ ယနိုင်ငံက ပူးပေါင်း ကူညီဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။
ဒါအပြင် အိန္ဒိအပါအဝင် မြန်မာနိုင်ငံမှာပါ လက်တလော ရင်ဆိုင်နေရတဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ဖျက်ရေး နည်းလမ်းတွေ အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီခဲ့ကြပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ဆွေးနွေးသဘောတူခဲ့တဲ့ နှစ်နိုင်ငံ ပူး တွဲဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့ က အိန္ဒိယကမထွက်ခွာခင် နယူးဒေလီမှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။
“အိန္ဒိယဝန်ကြီးချုပ် ပြောခဲ့သလိုပါပဲ ကျမတို့နှစ်နိုင်ငံအနေနဲ့ ဆောက်လုပ်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ ရှေးဟောင်းသုတေသန၊ ပညာရေး စသဖြင့် ကျမတို့လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဆွေးနွေးခဲ့ကြတဲ့ အတိုင်းအတာကျယ်ပြန့်လှတဲ့ အကြောင်းအရာတော်တော်များများမှာ ပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။”
နှစ်ပေါင်းများစွာရှိခဲ့တဲ့ စစ်အာဏာရှင်စနစ်ကြောင့် စွမ်းရည်မြှင့်တင်ရေး ဆုံးရှုံးခဲ့ တဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ်တည် ရှိ နေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေ စံနမူနာယူစရာကောင်းတဲ့ စနစ်တွေကို ကူညီဖြန့်ဖြူးပေးနိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က အခုလိုပြောပါတယ်။
“ကျမတို့ နိုင်ငံအနေနဲ့ ဖွံဖြိုးမှုနဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံဖြိုးမှုတို့မှာ အိန္ဒိယထက် သိပ်ကိုနောက်ကျနေပါတယ်။ ဒါပေမဲ့လို့လဲ ကျမတို့ ဒီကုန်ဆုံးခဲ့တဲ့ အချိန်တွေ အတွက် မဟာမိတ်အိန္ဒိယနိုင်ငံရဲ့ အားပေးမှုကတဆင့် အမှီလိုက်နိုင်လိမ့်မယ်လို့ ကျမအပြည့်အဝယုံကြည်ထားပါတယ်။ ဒါကြောင့် အိန္ဒိယအနေနဲ့ ကျမတို့နိုင်ငံအ တွက် လူ့အရင်းအမြစ် စွမ်းအင်ဖွံဖြိုးရေးအတွက် အကူအညီပေးမှုဟာ သိပ်ကို အထောက်အကူဖြစ်မှာပါ။ တနည်းအားဖြင့် တောင်အာရှနိုင်ငံတွေနဲ့ သိပ်ကိုနောက် ကျနေတဲ့ ကျမတို့ နိုင်ငံဟာ တချိန်က အရှေ့တောင်အာရှမှာ ပထမလိုက်ခဲ့ တဲ့ နိုင်ငံ အဆင့်ကို ပြန်ရောက်နိုင်လိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။”
အထူးသဖြင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်နဲ့ ရဲတပ်ဖွဲ့ကို စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေပေးဖို့ လိုအပ်နေကြောင်း ဒေါ်အောင် ဆန်း စုကြည် ကပြောပါတယ်။ ဒါအပြင် အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာတည်ရှိနေတဲ့ ဖယ်ဒရယ်ဝါဒကနေ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအတွက် လေ့လာသင်ယူစရာတွေ အများကြီး ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ကလည်း သူ့နိုင်ငံရဲ့ နည်းပညာ ကျွမ်းကျင် မှုတွေနဲ့ အရင်းအမြစ်တွေကို မြန်မာနိုင်ငံကို မျှဝေသွားမှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို အခိုင်အမာပြောကြားခဲ့ပါတယ်။
“အိန္ဒိယနဲ့ မြန်မာ ကြား သိပ်ကိုခိုင်မာအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက် မှုတွေပြုလုပ်မှာဖြစ်ပါတယ်။ ကုလားတန်စီမံကိန်းအပြင် သုံးနိုင်ငံ (အိန္ဒိယ၊ မြန်မာ၊ ထိုင်း) ဆက်စပ်ထားတဲ့ အဝေးပြေးလမ်းမကြီး စီမံကိန်းကအစ လူ့အရင်း အမြစ်တွေကို မြှင့်တင်ပေးရေး၊ ကျန်းမာရေးပြု စုစောင့်ရှောက် မှု၊ လေ့ကျင့် သင် တန်းပေးမှုတွေအပြင် အိန္ဒိယရဲ့ အရင်းအမြစ်တွေနဲ့ ကျွမ်းကျင် မှုတွေကို မြန် မာနိုင်ငံနဲ့ မျှဝေသွားမှာဖြစ်ပါတယ်။ အိန္ဒိယကပေးနေတဲ့ (၁.၇၅)မီလီ ယံ ဒေါ်လာ အထောက်အကူကလည်း လူထုကို အခြေပြုမှာဖြစ်ပြီး မြန်မာအစိုးရ နဲ့ မြန်မာပြည်သူတွေရဲ့ ဦးစားပေးမှုတွေနဲ့လည်း ကိုက်ညီမှာဖြစ်ပါတယ်။”
ဒါအပြင် နှစ်နိုင်ငံ သဘောတူညီခဲ့တဲ့ ကိစ္စရပ်အများအပြားတွေထဲမှာ အဓိကအချက်တွေကို အခုလို ကောက်နုတ်ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ဒီကနေ့ဆွေးနွေးခဲ့ကြတဲ့ ကိစ္စရပ်တွေထဲမှာ စိုက်ပျိူးရေး၊ စွမ်းအင်၊ အသစ်ပြန်လည်အသုံးပြုနိုင်တဲ့ သဘာဝစွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အားပေးရေး ကဏ္ဍတို့မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးဖို့အတွက် သဘော တူညီခဲ့ကြ ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒယ ခရီးစဉ်အတွင်း အများထင်တာထက် ပိုပြီး နှစ်နိုင် ငံ သဘောတူညီချက်တွေ အများအပြားရရှိခဲ့တဲ့အပြင် ထူးခြားချက်အနေနဲ့ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ကိစ္စမှာ နှစ်နိုင်ငံ သဘော ပူးပေါင်းဆောင်ရွက်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အိန္ဒိယ-မြန်မာနိုင်ငံ ဆက် ဆံရေး လေ့လာသုံးသပ်နေသူ ဒေါက်တာတင့်ဆွေက အခုလို သုံးသပ် ပါတယ်။
“မြန်မာနိုင်ငံမှာ လောလောဆယ်ဖြစ်နေတဲ့ အကြမ်းဖက်မှုကိစ္စ၊ ဒီအကြမ်းဖက် မှု နှစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့ကိစ္စကို နှစ်နိုင်ငံလုံးက အပြန်အလှန်ရှုံ့ ချတဲ့အပြင် ဒါကိုပြန်ပြီး တန်ပြန်လုပ်ရေးမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို သဘောတူ ညီတယ်။ အဲဒီအထဲထဲမှာ စကားလုံးသေချာရွေးပြီး သုံးထားတယ်လို့ ကျနော်မြင် ပါတယ်။ အဲတော့ အကြမ်းဖက်သမားတွေကို ဦးတည်တိုက်ခိုက်ဖို့ကိစ္စနဲ့ သူတို့ကို အားပေးအားမြှောက်ပြုတဲ့ ပင်ရင်းငွေရေးကြေးရေး ပံပိုးမှုတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမယ်ဆိုတာကလည်း ခေတ်နဲ့လျော်ညီတဲ့ ကိစ္စလို့ ကျနော်မြင် ပါတယ်။ အဲဒီနည်းနဲ့ပဲ ကျနော်တို့ မြန်မာနိုင်ငံက အကြမ်းဖက်မှုကိစ္စကို ထိန်းနိုင် လိမ့်မယ်လို့ ယူဆတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်နဲ့ပတ်သက် လို့ နှစ်နိုင်ငံပူး တွဲကြေညာ ချက်ကို မနေ့က မြန်မာအစိုးရက ထုတ်ပြန်ခဲ့ရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြန်တမ်းအဖွဲ့ဝင်နိုင်ငံသစ်တွေတိုးချဲ့ရေးကိစ္စမှာ အိန္ဒိနိုင်ငံ ပါဝင်ရေး ကို မြန်မာ ဘက်က ထောက်ခံတဲ့အချက်လည်း ပါဝင်ပါတယ်။