သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ဓါတ်ငွေ့တင်သွင်းမှု အမှီအခိုကင်းအောင် ဂျာမနီ ဓါတ်ငွေ့ဖြန့်ဖြူးရေးစက်ရုံသစ်ဆောက်


ဂျာမဏီနိုင်ငံ ဓါတ်ငွေ့စက်ရုံ
ဂျာမဏီနိုင်ငံ ဓါတ်ငွေ့စက်ရုံ

ဂျာမနီနိုင်ငံကို တင်သွင်းတဲ့ ဓါတ်ငွေ့ရည်တွေကို ဖြန့်ဝေဖို့အတွက် ဓါတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစက်ရုံကို မြောက်ပိုင်းပင်လယ် ကမ်းရိုးတန်းမှာ တည်ဆောက်လိုက်ပါတယ်။ ရုရှားနိုင်ငံကနေ မကြာခင်က တင်သွင်းခဲ့တဲ့ ဓါတ်ငွေပမာဏရဲ့ ၂၀% နဲ့ ညီမျှတဲ့ ဓါတ်ငွေပမာဏကို အဲဒီစက်ရုံကနေ ဓါတ်ငွေ့တွေကို အခုလာမယ့် ဆောင်းရာသီကနေ စတင်ဖြန့်ဖြူးသွားနိုင်မှာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ချိန်ကစပြီး၊ ရုရှားအစိုးရဘက်က ဂျာမနီနိုင်ငံကို ဓါတ်ငွေတင်ပို့နေတာတွေကို ကန့်သတ်ထိန်းချုပ်လာနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဥရောပကို ဓါတ်ငွေ့တင်ပို့နေတဲ့ Nord Stream ပိုက်လိုင်းဟာလည်း ပြီးခဲ့တဲ့တပတ်က ထိခိုက်ပျက်စီးသွားခဲ့ပြီး၊ ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံဘက်က သတင်းတခုမှာတော့ ဒါက တမင်သက်သက်လုပ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂျာမနီအစိုးရကတော့ ဓါတ်ငွေ့တွေကို တခြားနည်းလမ်းကနေ တင်သွင်းနိုင်ဖို့အတွက် စီမံကိန်း ၅ ခု တည်ဆောက်ဖို့ ဒေါ်လာဘီလျံနဲ့ သုံးစွဲခဲ့ပါတယ်။ အဲဒီစီမံကိန်း ၅ ခုကနေ ၁ နှစ်ကို ဓါတ်ငွေ့ပမာဏ စုစုပေါင်း ၂၅ ဘီလျံ ကုဗမီတာ သိုလှောင်ဖြန့်ဖြူးသွားနိုင်မှာဖြစ်ပြီး ဒါဟာ Nordstream ပိုက်လိုင်းကနေ တင်သွင်းနေတဲ့ ဓါတ်ငွေ့ပမာဏရဲ့ ထက်ဝက်လောက်ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ကတော့ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကနေ ဓါတ်ငွေ့တင်သွင်းဖို့ သဘောတူညီမှုလက်မှတ် ရေးထိုးခဲ့ပါတယ်။

===== Unicode ====





XS
SM
MD
LG