သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းက သီးနှံတင်သင်္ဘော ၄ စင်း ထပ်မံထွက်ခွာခွင့်ရ


The cargo ship Polarnet leaves the sea port in Chornomorsk
The cargo ship Polarnet leaves the sea port in Chornomorsk

ယူကရိန်းက သီးနှံတင်လာတဲ့ သင်္ဘော ၄ စင်း ကို ပူးတွဲပေါင်းစပ်ညှိနှိုင်းရေးစင်တာက ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းကနေ ထွက်လာတဲ့ သင်္ဘောတွေဟာ တရုတ်၊ အီတလီ နဲ့ တူရကီက နေရာ ၂ နေရာကို ဦးတည်သွားနေကြပါပြီ။ ယူကရိန်းမှာ ကုန်သွားတင်ဖို့ ငါးစင်းမြောက်သင်္ဘောကိုလည်း ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းဟာ စားနပ်ရိက္ခာအတွက် အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်ပြီး၊ ပင်လယ်နက်ရေပြင်ကို ရုရှားက ထိန်းချုပ်လိုက်တဲအတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေ ကြီးမြင့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ Zaporizhzhia NPP နျူကလီးယားလျှပ်စစ်စက်ရုံကို ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ဘာမှမပြောတဲ့အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) ကို သူ့ရဲ့ နေ့စဉ် မိန်းခွန်းမှ သမ္မတ Volodymyr Zelenskyy က ရှုတ်ချလိုက်ပါတယ်။ AI အဖွဲ့ဟာ သူ ဝေဖန်ချင်တဲ့အဖွဲ့ကိုပဲ ရွေးချယ်ဝေဖန်တယ်လို့ သမ္မတ Zelenskyy က ဆိုပါတယ်။

ကျောင်းနဲ့ ဆေးရုံတွေအပါအဝင် လူနေများတဲ့ နေရာတွေမှာ တပ်စခန်း‌တွေနဲ့ လက်နက်ကြီးတွေကို ချထားခြင်းအားဖြင့် အရပ်သားတွေ အန္တရာယ်များအောင် ရုရှားကျူးကျော်စစ် စကတည်းက ယူကရိန်းစစ်တပ်က လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က AI အဖွဲ့ကြီးက ယူကရိန်းကို ဝေဖန်ခဲ့တာကို ရည်ညွှန်းပြီး သမ္မတ Zelenskyy က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

AI အဖွဲ့ကြီးရဲ့ ယူကရိန်းဌာနခွဲ အကြီးအကဲ Oksana Pokalchuk ကလည်း AI အဖွဲ့ကြီးရဲ့ အဆိုပါဝေဖန်ချက်အပေါ် ကန့်ကွက်သောအားဖြင့် ရာထူးက နှုတ်ထွက်အနားယူသွားခဲ့ပါတယ်။

====Unicode ====





XS
SM
MD
LG