သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကောင်စီအကြီးအကဲရဲ့ ရှင်ဂျန်းခရီးစဉ် တရုတ်ကန့်သတ်မှာကို 'ကန်' စိုးရိမ်


UN High Commissioner for Human Rights Michelle Bachelet looks on prior to a press conference on December 9, 2020 in Geneva. -
UN High Commissioner for Human Rights Michelle Bachelet looks on prior to a press conference on December 9, 2020 in Geneva. -

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအကြီးအကဲရဲ့ ရှင်ဂျန်းဒေသခရီးစဉ်အပေါ် တရုတ်က ကန့်သတ်ချယ်လှယ်မှာကို စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။

ခရီးစဉ်အပေါ် အာဏာပိုင်တွေ ကန့်သတ်တာကြောင့် ရှင်ဂျန်းဒေသအပါအဝင် တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ပြည့်ပြည့်စုံစုံ သီးခြားလွတ်လပ်စွာ မဆန်းစစ်နိုင်မှာကို စိုးရိမ်တယ်လို့ ကြေညာချက်မှာ ပြောဆိုလိုက်တာပါ။ ရှင်ဂျန်းပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေကြတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိတာကြောင့် အမေရိကန်က စိုးရိမ်တာ ဖြစ်ပါတယ်။

ဒေသတွင်းအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း မပြောဖို့ ရှင်ဂျန်းဒေသခံတွေကို သတိပေးထားပြီး၊ ပျောက်နေတဲ့ ဝီဂါလူမျိုးတွေ ဘယ်မှာ ရှိတယ်ဆိုတာကို မပြောဖို့လည်း တားထားတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်က ရရှိထားကြောင်း ကြေညာချက်မှာ ပြောပါတယ်။

လူ တစ်သန်းလောက်ကို ထိန်းသိမ်းထားတဲ့ စခန်းအခြေအနေတွေကိုလည်း မပြောဖို့ ပိတ်ထားကြောင်း ကြေညာချက်က ဆိုပါတယ်။

တရုတ်ကတော့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အစ္စလာမ် အစွန်းရောက်ဝါဒရဲ့ စည်းရုံးရေးကို လျှော့ချနိုင်အောင် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သသင်တန်းပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီခရီးက စုံစမ်းစစ်ဆေးရေးခရီး မဟုတ်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ Bachelet က စနေနေ့က ပြောပါတယ်။

=== Unicode ====






ဒါပမေဲ့ ဒီခရီးက စုံစမျးစဈဆေးရေးခရီး မဟုတျဘူးလို့ ကုလသမဂ်ဂ လူ့အခှင့ျအရေးကောငျစီ ဥက်ကဌ Bachelet က စနနေေ့က ပွောပါတယျ။

XS
SM
MD
LG