Cuba နိုင်ငံမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း Castro မိသားစုဝင်မဟုတ်တဲ့သူတဦးကို သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ဖို့ လွှတ်တော်က ပြင်ဆင်နေပါတယ်။ မကြုံစဖူးကျင်းပတဲ့ Cuba လွှတ်တော်နှစ်ရပ်ညီလာခံ အစည်းအဝေးမှာ သမ္မတသစ်တဦး ရွေးကောက်တင်မြှောက်ပြီး ကြာသာပတေးနေ့ကျရင် လက်ရှိသမ္မတ Raul Castro နေရာမှာ အစားထိုးကြောင်း ကြေညာပါလိမ့်မယ်။
သမ္မတရွေးချယ်မဲပေးတာကိုတော့ လျှို့ဝှက်ပြုလုပ်လိမ့်ရှိပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကတော့ Cuba သမ္မတရွေးချယ်တာဟာ ဒီမိုကရေစီမဟုတ်တဲ့အတွက် ထရမ့်အစိုးရအဖို့ အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း ပြောပါတယ်။ အသက် (၈၆)နှစ်ရှိပြီဖြစ်တဲ့ လက်ရှိသမ္မတ Raul Castro နေရာကို ဆက်ခံမယ့်သူဟာ အသက် (၅၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နံပါတ် (၁) ဒုသမ္မတ ဖြစ်သူ Miguel Diaz-Canel ဖြစ်မယ်လို့ ခန့်မှန်းနေကြပြီး သူဟာ လစ်ဘရယ်သဘောထားရှိသူ ဖြစ်ဟန်တူတယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။