သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COP27 ဥတုရာသီ ညီလာခံမှာ စက်မှုနိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို လျှော်ကြေးပေးရေး တောင်းဆိုမည်


အီဂျစ်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ COP27 ဥတုရာသီ ညီလာခံ ဖွင့်ပွဲအခမ်းအနား။ နိုဝင်ဘာ ၆၊ ၂၀၂၂
အီဂျစ်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ COP27 ဥတုရာသီ ညီလာခံ ဖွင့်ပွဲအခမ်းအနား။ နိုဝင်ဘာ ၆၊ ၂၀၂၂

ဆင်းရဲတဲ့တိုင်းပြည်တွေကို ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးတွေက လျော်ကြေးပေးဖို့ တောင်းဆိုသံတွေ ကျယ်လောင်မယ့် ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာညီလာခံကို အီဂျစ်မှာ တနင်္ဂနွေနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဘာမှမလုပ်တာဟာ အမြော်အမြင်နည်းရာရောက်ပြီး၊ ရာသီဥတုကပ်ဘေးကို အလျှော့ပေးရာ ရောက်ပါလိမ့်မယ်လို့ ပြီးခဲ့တဲ့နှစ်ညီလာခံရဲ့ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံက Alok Sharma က ပြောပါတယ်။ ဒီနှစ် COP 27 ရဲ့ ဥက္ကဋ္ဌနေရာကို အီဂျစ်ကို လွှဲပြောင်းပေးရမှာပါ။ “ကမ္ဘာ့ခေါင်းဆောင်တွေကို ဘယ်နှစ်ခါ နှိုးရဦးမှာလဲ” လို့ သူက ဖွင့်ပွဲမှာ မေးခွန်းထုတ်သွားပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့ကို ၂၀၃၀ မှာ ၄၅ ရာနှုန်း လျှော့ရမှာဖြစ်ပြီး၊ ကမ္ဘာ့အပူချိန်က ၁၉ ရာစုနှောင်းပိုင်း အပူချိန်ထက် ၁.၅ စင်တီဂရိတ်ထက် ပိုမပူဖို့ လိုအပ်ပါတယ်။ မလုပ်နိုင်ရင် ကမ္ဘာကြီးဟာ အပူလောင်တဲ့ ကိန်းဆိုက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားကြတာပါ။ ဒါပေမဲ့ လက်ရှိ အခြေအနေအတိုင်းဆိုရင်တော့ ဒီဆယ်စုအကုန်မှာ ကာဘွန်ထုတ်လုပ်မှုက ၁၀ ရာနှုန်းတိုးပြီး အပူချိန်က ၂.၈ ဒီဂရီ စင်တီဂရိတ် တက်လာမယ့်သဘော ရှိပါတယ်။

ကမ္ဘာကြီးဟာ စက်မှုနိုင်ငံတွေကြောင့် ရာသီဥတုပူနွေးလာတာဖြစ်ပြီး ဖောက်ပြန်မှုဒဏ်ကို ဆင်းရဲတဲ့တိုင်းပြည်တွေက ခံရတာ ဖြစ်ပါတယ်။ အခု COP 27 ညီလာခံမှာတော့ ဒီအတွက် လျော်ကြေးတောင်းဆိုသံတွေက အဓိက ဖြစ်မှာပါ။ ဖွံဖြိုးဆဲနိုင်ငံတွေက အဲဒီလိုလျော်ကြေးပေးဖို့ မြင့်မြင့်မားမား မျှော်လင့်ထားကြကြောင်း ကုလသမဂ္ဂ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အလုပ်အမှုဆောင် အတွင်းရေးမှူး Simon Stiell က သောကြာနေ့က ပြောပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဖွံဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား သဘောတူညီချက်တစ်ရပ် ချမှတ်ဖို့တောင်းဆိုထားပါတယ်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ကမ္ဘာ့ခေါင်းဆောင် ၁၂၀ က ဒီညီလာခံ ကို တက်ရောက်လာကြမှာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ အင်္ဂါနေ့ လွှတ်တော် အမတ်ရွေးကောက်ပွဲပြီးမှ တက်ရောက်မယ်လို့ ဆိုပါတယ်။ တရုတ်သမ္မတ ရှီကျင်းပင်က ဒီညီလာခံကို တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပမယ့် ကမ္ဘာ့နိုင်ငံကြီး ၂၀ ရဲ့ G 20 ညီလာခံမှာ တွေ့ဆုံဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။

==== Unicode =====





XS
SM
MD
LG