သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း ဖွံ့ဖြိုးရေး ထိပ်သီးဆွေးနွေးပွဲတွေ စတင်


ဒေသတွင်း ဖွံ့ဖြိုးရေး ထိပ်သီးဆွေးနွေးပွဲတွေ စတင် ။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန (MOI)။
ဒေသတွင်း ဖွံ့ဖြိုးရေး ထိပ်သီးဆွေးနွေးပွဲတွေ စတင် ။ သတင်းဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန (MOI)။

အရှေ့တောင် အာရှဒေသတွင်း ဖွံဖြိုးမှုကွာခြားချက် လျော့နည်းစေဖို့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် CLMV ထိပ်သီးဆွေးနွေးပွဲကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ ဒေသတွင်း ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ACMECS ထိပ်သီး ဆွေးနွေးပွဲတွေအတွက်လည်း ဒီကနေ့မှာ နေပြည်တော်မှာ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာပါ။ နေပြည်တော် ကြေညာချက် အပါအဝင် ဒေသတွင်း ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေ၊ လုပ်ငန်းရှင်ကြီးတွေနဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့လည်း ရှိနေတာပါ။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲက ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေ ဖွံ့ဖြိုးမှုကွာဟချက် လျော့ကျလာအောင် ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ဗီယက်နမ် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ CLMV က ထိပ်သီးခေါင်းဆောင်တွေ တနလာၤနေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မယ့်အရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။

“အဓိက ကတော့ သူတို့မှာ အခက်အခဲရှိနေတာက CLMV နိုင်ငံ လေးနိုင်ငံထဲက သိတဲ့အတိုင်းပဲ သုံးနိုင်ငံက LDC လေ။ ဆိုတော့ Resorce သူတို့မှာ နည်းတာ၊ Financial resource ကော၊ technology ရော စသဖြင့်- အဲဒီ resource နည်းတော့ သူတို့်ရဲ့ ဧရိယာတွေအတွက်ပဲ လုပ်တဲ့နေရာမှာ ထင်သလောက် သိပ်မသွားတဲ့ဟာ၊ အဲဒါကို ဆက်ပြီးတော့ push လုပ်ဖို့ပေါ့။ သူတို့ region ထဲတောင်မကဘူး၊ တတ်နိုင်ရင် region အပြင်ဘက်က development partner တွေလည်းပါဝင်လာစေအောင်၊ အာဆီယံတခြားနိုင်ငံတွေလည်း ပါဝင်လာစေရမယ်။ CLMV ရဲ့သဘောကိုကလည်း အာဆီယံ economic community က အာဆီယံ community ကြီးတခုလုံး တည်ထောင်နိုင်လို့ရှိလို့ရှိရင် သူတို့က နောက်မှာ development gap ဖြစ်တော့ သူတို့က အဲဒါကို catch up လုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ စပြီးတော့ လုပ်ခဲ့တာဆိုတော့ အဲဒီဟာကို ဦးတည်ပြီး ဆက်ပြီး push လုပ်ဖို့ပေါ့လေ။”

အာဆီယံ ဒေသတွင်းဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံတို့က လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံနိုင်မှု အားနည်းချက်တွေ ရှိနေတာပါ။ ဒါပေမယ့်လည်း ဒေသတွင်းလေးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး CLMV ကြောင့် မြန်မာနိုင်ငံအနေနဲ့ အခြေခံ အဆောက်အဦးပိုင်းရေး ဖွံ့ဖြိုးရေး ပိုင်းတို့မှာပါ အကျိုးအမြတ်တွေ ရရှိနေတာ တွေ့ရတဲ့အကြောင်း နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက သူ့အမြင်ကို ပြောပါတယ်။

“နောက် region ထဲမှာလည်း ကိုယ်နဲ့ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ လာအိုတို့၊ ကမ္ဘောဒီးယားတို့ဆိုရင် အချင်းချင်းကြားမှာ … တို့ ၊ Trade တို့က အချင်းချင်းက လုပ်လို့ကောင်းတာကိုး။ အဲဒါတွေ တိုးတက်အောင် အဓိကလုပ်ဖို့ပဲ။ အဲဒီကနေပြီးတော့ ရှင်းရှင်းပြောရရင် အမြတ်လိုချင်တယ်ပေါ့။ ဝိုင်းလုပ်ရင်းနဲ့၊ တလောကဆိုလို့ရှိရင် လာအိုနဲ့မြန်မာ Friendship Bridge ကို ဖွင့်လိုက်တယ်လေ။ လွန်ခဲ့တဲ့တလလောက်က။ အဲဒါ ဆိုလို့ရှိလို့ရှိရင်၊ အဲဒီ case က ဖြစ်နိုင်မယ်ဆိုလို့ရှိရင် နောက်လာမယ့် East-West Economic Corridor အတွက် တစိတ်တဒေသပါသွားမယ်။ ပထမတော့ စတာတော့ နှစ်နိုင်ငံကြားနဲ့စတယ်။ ဒါပေမယ့် အဲဒီဘက်အထိကိုဖြစ်နိုင်ရင် One of the link ဖြစ်လာပြီးတော့ တိုးတက်အောင်။ အဲဒီ Link လမ်းတလျှောက်မှာပေါ့- ဒီ နယ်စပ်ကြားလောက်မှာ ဖြစ်နိုင်ရင် မဲခေါင် University လိုဟာမျိုး ကျမတို့ ထောင်ချင်တယ်လို့ အကူအညီတောင်းထားတယ်။ အဲဒါမျိုးက ထောင်နိုင်တယ် ဆို အဲဒီဒေသဖွံ့ဖြိုးေ ရးရော ၊ Education (ပညာရေး) ရော၊ Social Development (လူမှု ဖွံ့ဖြိုးရေးရော) တခါတည်းရမယ်ဆိုတဲ့ဟာမျိုးလေးနဲ့ပေါ့၊ ရသမျှ ကတော့ ကိုယ့်နိုင်ငံအနေနဲ့ သူများနည်းတူ၊ အဲလို တန်းတူလိုက်သွားပြီး ယူဖို့ ရည်ရွယ်ချက်ပါ။”

CLMV အစီအစဉ်နဲ့ မြန်မာနဲ့ လာအိုတို့ကြား ဒီနှစ်ထဲမှာပဲ လမ်းပန်းဆက်သွယ်ရေး တိုးတက်မှု ရှိခဲ့သလိုပဲ ဗီယက်နမ်နဲ့ လာအို နှစ်နိုင်ငံ ခရီးသွားလာရေး လုပ်ငန်းမှာလည်း တိုးတက်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာဘဲ အင်္ဂါနေ့မှာ ကျင်းပမယ့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ ပါဝင်တဲ့ ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး စည်းဝေးပွဲမှာ နေပြည်တော် ကြေညာစာတမ်းနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်တို့ကို ကြေညာနိုင်ဖို့ တနလာၤနေ့မှာဘဲ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိက အခန်းကဏ္ဍဟာ အရေးပါတယ်ဆိုတာကိုလည်း ထိပ်သီးခေါင်းဆောင်တွေက ခံယူထားပြီး အင်္ဂါနေ့ ထိပ်သီးခေါင်းဆောင် တွေ့ဆုံဆွေးနွေးပွဲတွေ အပြီးမှာတော့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒေသတွင်း ၅ နိုင်ငံ ထိပ်သီးတွေ သီးသန့် တွေ့ဆုံ ဆွေးနွေးကြဖို့လည်း ရှိပါတယ်ရှင်။

XS
SM
MD
LG