သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးပျံပူဖေါင်းပစ်ချမှု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ကန့်ကွက်


U.S. Shoots Down Suspected Chinese Spy Balloon
U.S. Shoots Down Suspected Chinese Spy Balloon

အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်းနဲ့ အခုလို ဖြစ်သွားတဲ့အတွက် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် တရုတ်တို့ဘက်ကလည်း တူညီတဲ့ တုန့်ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Tan Kefei က ပြောပါတယ်။

တရုတ်တို့အဆိုအရ မိုးပျံပူဖေါင်းကြီးဟာ လေရဲ့သယ်ဆောင်မှုအရ အမေရိကန်နိုင်ငံအတွင်းကို မတော်တဆ ရောက်ရှိသွားတာဖြစ်ပြီး၊ အမေရိကန်တို့ စွပ်စွဲပြောဆိုနေသလို ထောက်လှမ်းရေးလုပ်တဲ့ မိုးပျံပူဖေါင်းမဟုတ်ဘဲ၊ အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ အချက်အလက်တွေ စုဆောင်းရေးအတွက် ဖြစ်တယ်လို့ တရုတ်အစိုးရက အစောပိုင်းမှာ ပြောထားပါတယ်။

ကျောင်းကား ၃ စင်းစာလောက် အရွယ်အစားလောက်ရှိပြီး၊ အမြင့်ပေ ၆ သောင်းလောက်မှာ ပျံသန်းခဲ့နေတဲ့ ဒီ မိုးပျံပူဖေါင်းကြီးဟာ သွားလိုရာကို မြေပြင်က ထိန်းစရာမလိုဘဲ သူ့အလိုလို မောင်းနှင်နိုင်တဲ့ စက်ပစ္စည်းတွေ အထဲမှာပါတယ်လို့ ဆိုပါတယ်။

==== Unicode ====





XS
SM
MD
LG