သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေအောက်ဓါတ်ခွဲခန်း တရုတ် တည်ဆောက်မည်


အမေရိကန် ပြည်ထောင်စု Houston က ရေအောက်ဓါတ်ခွဲခန်း။
အမေရိကန် ပြည်ထောင်စု Houston က ရေအောက်ဓါတ်ခွဲခန်း။

ပင်လယ်ကြမ်းပြင်အောက်မှာ သဘာဝတွင်းထွက်တွေ ရှာဖွေဖို့ ပင်လယ်ရေနက် ဓာတ်ခွဲခန်းတခုကို တည်ဆောက်ဖို့ တရုတ်နိုင်ငံက စီစဉ်နေပါတယ်။

တရုတ်သိပ္ပံရေးရာဝန်ကြီးဌာနရဲ့ အဆိုအရ - ဓာတ်ခွဲခန်းဟာ ပင်လယ်ရေအောက် မီတာ ၃ ထောင်လောက်မှာ တည်ဆောက်မှာဖြစ်ပြီး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အဖိုးတန် တွင်းထွက်သတ္ထု အရင်းအမြစ်တွေကို ရှာဖွေကြမယ့် သိပ္ပံပညာရှင်တွေ ကြာရှည်နေထိုင်ပြီး အလုပ်လုပ်နိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။

ဒီစိတ်ကူးဟာ လက်ရှိ ၅ နှစ်ကြာ စီးပွားရေးအစီအစဉ်မှာ ထည့်သွင်းထားခဲ့ပေမဲ့ - Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ - ဒီကိစ္စကို မကြာသေးခင် က ပြန်လည် သုံးသပ်ခဲ့ကြပြီးနောက် - အာဏာပိုင်တွေကနေ အစိုးရရဲ့ သိပ္ပံနဲ့ နည်းပညာ ဦးစားပေး ၁၀၀ စာရင်းမှာ ဒုတိယနေရာကို ရွှေ့လိုက်တယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲခန်း ဘယ်နေရာမှာ တည်ဆောက်မလဲဆိုတာကိုတော့ တရုတ်အစိုးရက ထုတ်ဖော်မပြောဆိုပါဘူး။ ဒါပေမဲ့လည်း တရုတ်ကွန်မြူနစ် အစိုးရဟာ နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ သူ့ရဲ့သြဇာအရှိန်အဝါ သက်ရောက်အောင် အပြင်းအထန် ကြိုးပမ်းနေတာပါ။

ဓာတ်ခွဲခန်းဟာ စစ်ရေးရည်မှန်းချက်အတွက် ရည်ရွယ်ထားတာ ဖြစ်နိုင်ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ လူမှုသိပ္ပံကျောင်းက အဆင့်မြင့် သုတေသနမှူး ရှု လီ ပင်း (Xu Liping) ကတော့ အရပ်ဘက်အတွက် အသုံးပြုဖို့ အဓိက ရည်ရွယ်ပုံရတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG