သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်ရှူလမ်းကြောင်း ရောဂါအတွက် ဆေးခန်းတွေ တိုးဖွင့်ဖို့ တရုတ်အစိုးရတိုက်တွန်း


Children receive a drip at a children hospital in Beijing on November 23, 2023.
Children receive a drip at a children hospital in Beijing on November 23, 2023.

တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ လျှော့ချလိုက်ပြီးနောက်ပိုင်း ပထမဆုံးဆောင်းရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် ဆေးခန်းတွေ တိုးဖွင့်ကြဖို့ တရုတ်ကျန်းမာရေး ဝန်ကြီးဌာနက ဒေသခံအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆေးခန်းတွေ၊ ကုသမှုပေးတဲ့ နေရာတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ပုံမှန်အချိန်ထက်တိုးပြီး ဖွင့်လှစ်ဖို့နဲ့ ဆေးဝါးရရှိမှုတွေ လုံလောက်အောင် စီစဉ်ဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ပြောခွင့်ရ Mi Feng က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။ စာသင်ကျောင်းတွေ၊ ကလေးသူငယ်တွေ စုဝေးတဲ့ နေရာတွေ၊ လူအိုရုံတွေလို လူစည်ကားတဲ့ နေရာတွေမှာ ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် တားဆီးဖို့ အရေးကြီးတယ်လို့လည်း သတိပေးပါတယ်။

နမိုးနီးယားအဆုတ်ရောင် ရောဂါဆန်ဆန် ကူးစက်မှုတွေ အများအပြား ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာရာက၊ ပွင့်လင်းမြင်သာမှုရှိရှိ သတင်းတွေ ထုတ်ပြန်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ တိုက်တွန်းထားတာပါ။ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် ပြောခွင့်ရကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းဟာ တုပ်ကွေးရောဂါနဲ့ ဆက်နွယ်နေတယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG