(Zawgyi / Unicode)
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ပြီး ဒီရောဂါကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ ဒီရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ခြေရှိသူတွေကို သီးသန့်ခွဲထားတဲ့ ဟိုတယ်တခု ဒေသစံတော်ချိန် ည ၇ နာရီကျော်မှာ ပြိုကျသွားလို့ အထဲမှာ လူအတော်များများ ပိတ်မိနေပါတယ်။
အထပ် ၅ ထပ်ရှိတဲ့ ဒီဟိုတယ်ဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Quanzhou မြို့မှာ တည်ရှိတာဖြစ်ပြီး လောလောဆယ် လူ ၇၀ လောက် ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။
ည ၁၀ နာရီမှာ လူ ၃၀ ကျော်ကို အပြိုအပျက်ကြားက ဆွဲထုတ်နိုင်ခဲ့ပြီး လူတတဝက်လောက် အပျက်အစီးပုံတွေကြား ပိတ်မိနေပါသေးတယ်။ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေ လူတွေကို ကယ်တင်ဖို့ ကြိုးစားနေတာကိုလည်း ဗွီဒီယိုသတင်းတွေမှာ တွေ့ရပါတယ်။
ဘာကြောင့် အခုလို အဆောက်အအုံ ပြိုကျတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အခင်းဖြစ်ပွားချိန် အနီးကို ရောက်နေသူတဦးကတော့ ရုတ်တရက် အသံကျယ်ကြီး ကြားရပြီး ပေါက်ကွဲမှု ဖြစ်သလားလို့ ထင်မိတယ်လို့ South China Morning Post သတင်းစာကို ပြောပါတယ်။
-------------------------------
(Unicode)
ကိုရိုနာပိုး စောင့ျကွည့ျသူတှေ ခှဲထားရာ ဟိုတယျ ပွိုကြ