တရုတ် - မြန်မာ အဓိက ကုန်သွယ်ရေး လမ်းမကြီး ဖြစ်တဲ့ မန္တလေး - မူဆယ် လမ်းမကြီးပေါ်မှာ တိုက်ပွဲတွေကြောင့် တံတားတွေပျက်ခဲ့ပြီး ကုန်သွယ်ရေး လုံးဝနီးပါး ပြတ်တောက်သွားပါတယ်။
အစိုးရဘက်က တံတားတွေကို ယာယီ အသုံးပြုနိုင်ဖို့ အတွက် အပူတပြင်း ကြိုးစားနေပေမယ့် လုံခြုံရေး စိုးရိမ်ချက်ကြောင့် ကုန်ကားတွေ ခရီးမဆက်နိုင်ကြသေးပါဘူး။ ဒါပေမယ့် တရုတ်နဲ့ အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်နေတာကြောင့် ဒီလမ်းမကြီးပေါ်က လက်နက်ကိုင် တိုက်ခိုက်မှုတွေ အချိန်တိုအတွင်း အဆုံးသတ်သွားမှာလို့တော့ ကုန်သည်တွေက မျှော်လင့်နေကြတာပါ။
မူဆယ်နယ်စပ် ကုန်သည်ကြီး စိုင်းခင်မောင်နဲ့ ဆက်သွယ်ပြီး စီးပွားရေး ကဏ္ဍမှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။