မြေအက်ကွဲပြီး အိမ်တွေ ရွှေ့ပြေးရတဲ့ တီးတိန်မိုး
{{Zawgyi/Unicode}}
ချင်းပြည်နယ် တီးတိန်မြို့နယ်က အန်းလန့်ကျေးရွာနဲ့ ဖိုင်ဇားရွာနှစ်ရွာဟာ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြေကွဲအက်ပြီး အိမ်တွေပျက်စီးမှုရှိနေသလို အိမ်ခြေ(၁၀ဝ) ). ကျော်ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဒေသခံတွေ အိမ်ခြေ ပြောင်းရွှေ့ရေးမှ ာအခက်ခဲရှိနေတယ်လို့လဲဒေသခံတွေကပြောပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုခင်မောင်စိုးမင်း ကပြောပြပေးမှာပါ။
နိုဝင်ဘာနောက်ဆုံးအပတ်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တီးတိန်မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ ဖိုင်ဇားရွာရဲ့ ပျက်စီးမှုအခြေအနေကိုတော့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဂင်ကန်းလျံကအခုလိုပြောပါတယ်။
“ ဖိုင်ဇားကတော့ နိုဝင်ဘာ(၂၀)ပါတ်ဝန်းကျင်လောက်က နောက်ဆုံးမိုးရွာတာ (၄)ရက်လောက်တောက်လျှောက်ရွာတယ်လေ။ တအားကြီးရွာနေတယ်။ ရွာလယ်လောက်မှာရှိတဲ့အိမ်ခြေ(၂၀)ပျက်တယ်။ ဒါပေမဲ့လုံး၀ ပျက်စီးသွားတာ (၅)လုံးပေါ့နေ်ာ။ အိမ်မှာရှိတဲ့ဆန် ဆီ ဆား အိုးခွက်အားလုံးပျက်စီးသွားတယ်။ သူတို့လဲရွှေ့မယ် မြေနေရာချဖို့။ သူတို့တရွာလုံးဆွေးနွေးပြီးမှ လုပ်မယ်လို့ ပြောတာဘဲ။ ’’
နိုဝင်ဘာတတိယအပါတ်က မိုးရွာသွန်းခဲ့လို့ တီးတိန်မြို့နဲ့(၁၆)မိုင်ခန့်ဝေးတဲ့ အန်းလန့်ကျေးရွာဟာလဲ မြေကွဲအက်မှုကြောင့် အိမ်ခြေ(၈၀)ကျော်ပြောင်းရွှေ့ရမယ်လို့ ဦးဂင်ကန်းလျံက ဆက်ပြောပါတယ်။
“ အန့်လန်းကျေးရွာက တရွာလုံးကိုပြောင်းရမယ်တဲ့။ အိမ်ခြေပေါင်းအားလုံး ဘုရားကျောင်းရယ် အုပ်ချုပ်ရေးမှူးရုံးရယ် အပါဝင် (၈၃)လုံးတဲ့။ အားလုံးပြောင်းရွှေ့ရမယ်။ အရင်သူတို့ ရွာဟောင်းတခုရှိတယ်လေ။ အဲဒီအောက်နားမှာနေရာချထားတယ်လေ။’’
ဒီလိုမြေအက်ကွဲကြောင်းတွေပေါ်ထွက်လာတာကြောင့် မြေပြိုကျမှုအန္တရာယ်စိုးရိမ်ရတဲ့အတွက် ရွာနှစ်ရွာ ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။ အန်းလန့်ကျေးရွာသားတဦးကတော့ အိမ်ခြေပြောင်းရွှေ့ရာမှာအခက်ခဲရှိနေတယ်လို့ပြောပါတယ်။
“ သူတို့အိမ်အလုံးလိုက်ရွှေ့လိုက်ရတယ်ဆိုတော့ အဲဒီမှာ ပစ္စည်းတွေသယ်ဖို့ သယ်ယူစားရိတ်တော်တော်လေးခက်ခဲမယ်။ နေအိမ်တွေကိုအလုံးလိုက် ဖြိုခွဲပြီးတော့မှ အိမ်တွေကိုပြောင်းရွှေ့ရမယ်ဆိုတော့လေ။ သစ်သားတွေ သွပ်ပြားတွေ ရွှေ့ရမယ်ဆိုတော့ ရွှေ့ပြောင်းစားရိတ်က တော်တော်လေးအခက်ခဲဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ ’’
အန်းလန့်ကျေးရွာကအိမ်ခြေ(၂၀) တော့ ကလေးမြို့ကိုပြောင်းရွှေ့သွားပြီး တီးတိန်မြို့ပေါ် တအိမ်ပြောင်းရွှေ့ သွားပြီးလို့သူက ပြောပါတယ်။
အခုလိုအိမ်ခြေပျက်စီးပြောင်းရွှေ့ရတဲ့ဖြစ်စဉ်အပေါ် ကူညီထောက်ပံ့နိုင်ရေး မြို့နယ်အာဏာပိုင်တွေကိုတင်ပြထားတယ်လို့ တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဂင်ကန်းလျံကအခုလိုပြောပါတယ်။
“ ကျွန်တာ်တို့ကဆင်းရဲတယ်ဆိုတော့ အိမ်တလုံးပြောင်းမယ်ဆိုတာ အလွန်အနဲဆုံး သိန်းဆယ်ဂဏန်းကုန်မှာကိုး ။ အဲတာခက်ခဲ မှုရှိတာပေါ့။ နိုင်ငံတော်မှာလဲ လောလောဆယ် ဒီအခြေအနေနဲ့ အကူညီတင်တော့တင်ပြတယ်လို့ပြောတာဘဲ။ သူတို့မြို့နယ် ကောင်စီမှာလေ။ ဒါပေမဲ့အခုအခြေအနေမှာတော့ သိပ်တော့မလွယ်ဘူးထင်တယ်။ ’’
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ကလဲ ချင်းပြည်နယ် ဟားခါးမြေငလျင်စခန်းရဲ့ အနောက်မြောက်ဘက် (၁၀)မိုင်ခန့် ကွာဝေးတဲ့ ထန်တလန်မြို့ရဲ့ အရှေ့မြောက်ဘက် (၅) မိုင်ခန့်အကွာမှာ အင်အား ရစ်(ခ်)တာစကေး (၆.ဝ) အဆင့်ရှိ အင်အားအသင့်အတင့် ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပေမဲ့ အထိခိုက်ပျက်စီးမှု တော့မရှိခဲ့ပါဘူး။
................................................
{{Unicode}}