ဇူလိုင် ၇၊ ၂၀၁၈ - ထိုင်းနိုင်ငံက လှိုဏ်ဂူတခုထဲမှာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးအသင်းဝင်တွေကို ကယ်တင်နိုင်ဖို့ ထိုင်းအစိုးရက နိုင်ငံစုံနဲ့ ပူးပေါင်းပြီး အင်တိုက်အားတိုက် ကြိုးပမ်းနေချိန်မှာပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ကြားမှာလည်း ကိုယ့်တိုင်းပြည်မှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရရင် ဘယ်လိုနေမလဲ ဆိုပြီးတော့လည်း အတွေးပေါ်ခဲ့ကြပါတယ်။
အရေးပေါ် အခြေအနေတွေ ကြုံရတဲ့အခါ မြန်မာနဲ့ထိုင်း တုန့်ပြန်ရာမှာ ဘာတွေခြားနားနေပါသလဲ၊ ထိုင်းကယ်ဆယ်ရေး လုပ်ငန်းတွေကနေ မြန်မာနိုင်ငံအတွက် အတုယူစရာ ဘာတွေ ရှိနိုင်မလဲ ဆိုတာတွေကို ဗွီအိုအေမြန်မာပိုင်းရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။