နိုဝင်ဘာ ၁၁၊ ၂၀၁၇ - ဆယ်စုနှစ်ပေါင်းများစွာအတွင်း အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာခဲ့တဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ အခုဆိုရင် ၂ နှစ် ပြည့်သွားပါပြီ။
ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ၂ နှစ် ပြည့်လာချိန်မှာ၊ အပြောင်းအလဲတွေ ဘယ်လောက်အထိ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါပြီလဲ၊ မဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်တွေ ဘယ်လောက်အထိ ပြည့်ဝခဲ့ကြပါပြီလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။