အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်းဟာ တနှစ်ပြည့်တော့မှာပါ။ အရပ်သား အစိုးရရဲ့ တနှစ်တာ သက်တမ်းအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတက်အကျ ဘာတွေများရှိခဲ့သလဲ၊ ရှေ့မှာ ဘာတွေမျှော်လင့်နိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ မဟာဗျုဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (မြန်မာနိုင်ငံ) က ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်း တို့နဲ့အတူ ကိုအောင်လွင်ဦး က ဆွေးနွေးထားပါတယ်။