ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉ - လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်မှာ စီးပွားရေးရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်တခုကို ဒီသီတင်းပတ်ထဲမှာပဲ ငပလီအပမ်းဖြေကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောရာမှာတော့ တာဝန်ယူမှုရှိတဲ့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးနိုင်ကြောင်း ပြောဆိုခဲ့တာပါ။
စီးပွားရေး ဖွံ့ဖြိုးမှုတွေ၊ အခွင့်အလမ်းတွေဟာ ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘယ်လောက်အထိ တွန်းအားဖြစ်လာနိုင်ပါသလဲ၊ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် လတ်တလောမှာကိုပဲ ပြဿနာတွေ ပေါ်နေတဲ့ ဒေသမှာ စိန်ခေါ်အကဲစမ်းမှုတွေရော ဘာတွေရှိနိုင်သလဲ ဆိုတာကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။