မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အလားအလာကောင်းတွေကို မျှော်ကိုးပြီး နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာနေပါတယ်။ ဒါပေမဲ့လည်း ဝင်ရောက်လာမယ့် ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ အတွက် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ လုံလောက်မှုရှိရဲ့လား ဆိုတာကိုလည်း ကျွမ်းကျင်သူတွေ မေးခွန်းထုတ်နေကြတာပါ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက်တွေ ဖြစ်ကြတဲ့ Ron Corben နဲ့ Gabrielle Paluch တို့ရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ၇.၅% ရှိနေရာက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ၇.၇၅% လောက်အထိ တိုးလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကခန့်မှန်းထားပါတယ်။ ဒီလိုပဲ ဘဏ္ဍာရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာ လမ်းပွင့်လာနိုင်သလို၊ ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံ အပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) က စီးပွားရေးဝန်းကျင် တည်ဆောက်ရာက အကျိုးအမြတ်တွေ ခံစားရနိုင်တယ်လို့လည်း IMF ကပြောဆိုထားတာပါ။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း စီးပွားရေး ဖွံဖြိုးမှုကို နှစ်စဉ် ၆% ကျော် တဝိုက်နဲ့ ထိန်းထားနိုင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ အလယ်အလတ် ဝင်ငွေရှိတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။
နိုင်ငံတကာနဲ့ ဒေသတွင်းက ဘဏ္ဍာရေး အဖွဲ့အစည်းတွေကိုယ်တိုင် မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာကောင်းတွေအပေါ် အကောင်းမြင် ဟောကိန်း ထုတ်နေကြတဲ့ အတွက်လည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ မျက်စေ့ကျ နေကြတဲ့အကြောင်း သြစတြေးလျနိုင်ငံက ဥပဒေပညာရှင်လည်းဖြစ် အတိုင်ပင် ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ John Hancock ကပြောပါတယ်။
“တကယ့်ကို ပြောစမှတ်ဖြစ်လောက်အောင်ကို ပွင့်လင်းလာတာပါ။ ပြောင်းလဲလိုတဲ့ဆန္ဒ၊ ရှေ့ဆက်တိုးတက်ချင်တဲ့ ဆန္ဒတွေကလည်း အံ့မခန်းလောက်စရာ တွေ့ရပါတယ်။ အခုဆိုရင် အလားအလာကောင်းတွေလည်း တွေ့မြင်နေရပါပြီ။ လူတိုင်းလိုလိုကလည်း အကျိုးအမြတ်ရဖို့ ပိုက်ဆံတွေ ပုံအောပြီး အလုအယက် သွားချင်နေကြတာပါ။”
ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအထိဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၀၀၀ အထိ ရှိနေပြီဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်းပေါင်း ၁,၄၀၀ ရှိခဲ့တဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာ ဒီနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၂ ဆတိုးပြီး သန်းပေါင်း ၃,၅၀၀ လောက်အထိ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားတာပါ။ လတ်တလော ရင်းနှီးမြှုပ်နှံမှု အသစ်တွေဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အများစု ဖြစ်ပေမဲ့လည်း နိုင်ငံတကာ လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလို စွမ်းအင်ကဏ္ဍကိုလည်း အဓိက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဖြစ်တဲ့ PTTEP ဟာဆိုရင်လည်း ရှေ့လာမယ့် ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စွမ်းအင်ရှာဖွေ၊ တူးဖော်ရေး လုပ်ငန်းတွေမှာ ဒေါ်လာသန်းပေါင်း ၃,၃၀၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တဲ့အကြောင်း ဖေဖော်ဝါရီလနှောင်းပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သီတင်းပတ် ညီလာခံမှာ ကြေညာခဲ့တာပါ။ နောက်ထပ် ကမ်းလွန်တူးဖော်ရေးလုပ်ငန်း ၃၀ လောက်မှာ လုပ်ငန်းလုပ်ကိုင်ခွင့်တွေကိုလည်း မြန်မာအစိုးရက မကြာခင် ထုတ်ပြန် ကြေညာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီလို ပြည်ပကနေ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ့် အခြေအနေတွေ ရှိနေတယ် ဆိုပေမဲ့လည်း ရလာတဲ့ ဝင်ငွေတွေနဲ့ သုံးစွဲတဲ့နေရာမှာ ထင်သာမြင်သာ ရှိပါ့မလား သံသယတွေလည်း ရှိနေကြတာပါ။ မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် ကတော့ နိုင်ငံတော် ဘဏ္ဍာအဖြစ် လူသိရှင်ကြား ထုတ်ပြန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
“ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ရလာတဲ့ ဝင်ငွေတွေ အားလုံးဟာ နိုင်ငံတော် ဘဏ္ဍာရေး အသုံးစရိတ်ထဲကိုပဲ ရောက်မှာ ဖြစ်တဲ့အတွက် ဒါက အင်မတန်မှ လွယ်တဲ့ကိစ္စပါ။”
စွမ်းအင်ဝန်ကြီးဌာနရဲ့ ၂၀၁၂ ခုနှစ်က ကိန်းဂဏန်းတွေအရ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာနိုင်ငံရဲ့ ကမ်းလွန်ဒေသမှာ အများစုအဖြစ် တွေ့ရှိထားပြီး၊ ပမာဏအားဖြင့် ၂၅ ထီလီယံကုဗပေရှိတဲ့ သဘာဝဓာတ်ငွေ့ သိုက်တွေနဲ့ ရေနံပမာဏ စည်ပေပါ သန်းပေါင်း ၂,၁၀၀ ထီလီယံလောက်အထိ ရှိမယ်လို့ ခန့်မှန်းထားပြီး၊ အများစုဟာဆိုရင်လည်း မထုတ်လုပ်ရသေးဘူးလို့ ဆိုပါတယ်။ အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကိုတော့ သီးခြားအတည်ပြုတာမျိုး မရှိသလို၊ ကွဲလွဲချက် တချို့လည်း ရှိနေတာပါ။ ဗြိတိသျှ ရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ BP ရဲ့ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ ပမာဏဟာ ဝ.၂ ထီလီယံကုဗပေသာ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ အားကောင်းနေသလောက် ပြည်တွင်းမှာ လိုအပ်ချက်တွေကလည်း ကြီးကြီးမားမား ရှိနေတာပါ။ ရှေ့လာမယ့် ၁၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၂ ဆလောက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားချိန်မှာပဲ အစိုးရကတော့ ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး တိုင်းပြည်လူဦးရေရဲ့ ၈၀% လျှပ်စစ်မီးရရှိရေး ကြိုးပမ်းနေပါတယ်။ စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူ အတိုင်ပင်ခံတဦးဖြစ်တဲ့ John Roberts ကတော့ အစိုးရအနေနဲ့ စွမ်းအင်ကဏ္ဍ စီမံခန့်ခွဲမှုတွေမှာ ပွင့်လင်းမြင်သာမှု ရှိရုံသာမက ပြည်ပတင်ပို့မှုတွေနဲ့ ပြည်တွင်းသုံးစွဲမှု ဖူလုံရေး မျှတအောင် စီစဉ်နိုင်မှသာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“အဓိကကတော့ ပြည်ပဈေးကွက်ကို ရေနံနဲ့ဓာတ်ငွေ့ ဘယ်လောက်တင်ပို့မလဲ၊ အလျှင်အမြန် ကြီးထွားလာနေတဲ့ ပြည်တွင်း ဈေးကွက်မှာ လျှပ်စစ်မီး လုံလောက်အောင် ဘယ်လောက် ထုတ်လုပ်မလဲဆိုတဲ့ ကိစ္စပါ။ နောက်ထပ် မေးစရာ အနေနဲ့ကတော့ သက်ဆိုင်ရာ ဒေသတွေနဲ့ နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့ ကိစ္စပါ။”
စွမ်းအင်လုပ်ငန်း အပါအဝင် ဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံတဝှမ်း ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်ရတယ်ဆိုပြီး ကန့်ကွက်မှုတွေလည်း ရှိနေကြတာပါ။ တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ဆိုရင်လည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ ရှိကြပေမဲ့ မြေယာသိမ်းဆည်းမှုတွေ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု စွပ်စွဲချက်တွေနဲ့အတူ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေရဲ့ အားနည်းချက်အဖြစ် ဝေဖန်သူတွေက မြင်နေကြတာပါ။
သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာ ပါမောက္ခ Sean Turnell ကတော့ တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ မြေယာပိုင်ဆိုင်မှုလို အခြေခံကျတဲ့ ပြဿနာတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။ မြေယာပိုင်ဆိုင်ခွင့် မရှိတာကြောင့်လည်း မြန်မာနိုင်ငံ လူဦးရေ ၆၅% မှီခိုလုပ်ကိုင်နေတဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ငွေချေးငှားဖို့ အခက်အခဲကြုံရတာ၊ အတိုးနှုန်းကြီးကြီးနဲ့ ယူရတာလို နောက်ဆက်တွဲ ပြဿနာတွေ ရှိနိုင်တာကိုလည်း သူကထောက်ပြခဲ့တာပါ။
“စိုက်ပျိုးရေး လုပ်ငန်းမှာ တိုးတက်မှုတွေ အားနည်းနေတာကတော့ စိတ်မကောင်းစရာပါ။ လူတွေရဲ့ ဘဝကို အခုအချိန်မှာ အပြောင်းလဲကြီး ပြောင်းလဲသွားအောင် လုပ်ရမှာကတော့ စိုက်ပျိုးရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ခုကတော့ မြေယာကဏ္ဍပါ၊ မြေယာပိုင်ဆိုင်မှု အပိုင်းတစ်ခုတည်းကို ကြည့်မယ်ဆိုရင်ပဲ တိုးတက်ရမယ့်အစား ဆုတ်ယုတ်တာတွေကိုတောင် တွေ့နေရပါတယ်။”
ဝါရှင်တန် အခြေစိုက် Heritage Foundation နဲ့ Wall Street Journal တို့က မကြာသေးခင်တုန်းကပဲ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် တိုးတက်မှုတွေ တွေ့ရတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ အလုပ်သမား အခွင့်အရေးတွေ တိုးတက်လာတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ ကမ္ဘာတဝှမ်း လွတ်လပ်ခွင့်အဆင့် ၁၇၂ မှာ ရှိနေရာက အခုနောက်ဆုံး ၁၀ ဆင့်တက်ပြီး ၁၆၂ ကို တိုးမြှင့်သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၂၀ အတွင်း အထီးကျန်နေလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာမှုတွေမှာ ကြီးကြီးမားမား တိုးတက်တဲ့အဆင့်အထိတော့ မရောက်သေးဘူးလို့လည်း အစီရင်ခံစာက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။