သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီးသမ္မတဟောင်းကို လာဘ်စားမှုနဲ့ စစ်ဆေး


ဘရာဇီးသမ္မတဟောင်း Luiz Inacio "Lula" da Silva ရဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုမှာ - ရဲတွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး လက်ရှိ သမ္မတ Dilma Rousseff က ပြစ်တင်လိုက်ပါတယ်။

သမ္မတဟောင်း လူလာ ဟာ အာဏာပိုင်တွေရှေ့မှောက် အစစ်ဆေးခံဖို့ သူ့သဘောဆန္ဒနဲ့ မကြာမကြာ လာရောက်ခဲ့ရပြီး၊ အခုအခါမှာလည်း နောက်ထပ် ထွက်ဆိုဖို့ မလိုအပ်ဘဲ ဖိအားပေးခံရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် သူ့အနေနဲ့ လုံး၀ မကျေနပ်တဲ့အကြောင်း လက်ရှိ သမ္မတ က ပြောဆိုခဲ့တာပါ။

ရဲတွေဘက်ကတော့ သမ္မတဟောင်း Lula ဟာ နိုင်ငံပိုင် လောင်စာဆီကုမ္ပဏီကြီးတခုဖြစ်တဲ့ Petrobras နဲ့ စီးပွားရေးလုပ်ကြတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေဆီကနေ လာဘ်ငွေတွေ ရယူခဲ့တယ်လို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းက သမ္မတဟောင်း Lula ကို ခေတ္တ ထိန်းသိမ်းခဲ့တဲ့အတွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ သူ့ကို ပြန်လွှတ်ပေးလိုက်ပြီးနောက်မှာတော့ - သမ္မတဟောင်း Lula က - သူ့အပေါ် စုံစမ်းစစ်ဆေးမှုဟာ နိုင်ငံရေးရည်ရွယ်တွေ ပါဝင်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG