သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတ Biden တူရကီသွားမည်


Biden Poroshenko
Biden Poroshenko

အမေရိကန်ဒုသမ္မတ Joe Biden ဟာ ဒီလကုန်လောက်မှာ တူရကီကို သွားရောက်မှာဖြစ်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ကြေညာပါတယ်။

မစ္စတာ Biden သြဂုတ်လ ၂၄ ရက်နေ့ သွားရောက်ဖို့ စီစဉ်ထားတာဟာ တူရကီမှာ ဇူလိုင်လ ၁၅ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ ဖြစ်ပွားခဲ့ချိန်ကစပြီး အနောက်နိုင်ငံက ထိပ်တန်းခေါင်းဆောင်တဦး ပထမဆုံးသွားရောက်တာလည်း ဖြစ်ပါတယ်။ အာဏာသိမ်းဖို့ ကြိုးစားမှုကို စီစဉ်တယ်လို့ အပြစ်တင်ထားတဲ့ အစ္စလာမ်တရားဟောဆရာကို အမေရိကန်က ပြန်ပို့ပေးဖို့ တောင်းဆိုမှုတွေကြောင့် တူရကီနဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ အခုလို သွားရောက်မှာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုနဲ့ ဆက်နွယ်မှု ရှိနေတာနဲ့ ပတ်သက်ပြီး မူဆလင်တရားဟောဆရာ Fetullah Gulen ကို ဖမ်းဆီးပေးဖို့အတွက် အမေရိကန်အစိုးရကို တရားဝင် ပန်ကြားဖို့ တူရကီအရာရှိတွေက ပြင်ဆင်နေတယ်လို့ တူရကီအစိုးရအာဘော် Anadolu သတင်းစာမှာ ဖော်ပြပါတယ်။ တရားဟောဆရာကို ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရဆီက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောပါတယ်။

ဝန်ကြီးချုပ် Binali Yildrim ကတော့ ဒုသမ္မတရဲ့ တူရကီခရီးစဉ်မှာ ဒီကိစ္စအတွက် အပေးအယူလုပ်ရေး ဆွေးနွေးဖို့လုပ်မှာ မဟုတ်ဖူးလို့ ထပ်မံ ပြောဆိုခဲ့ပါတယ်။ သူက အမေရိကန်နဲ့ တူရကီ ဆက်ဆံရေး တိုးတက်မှုဟာ Gulen ကို ပြန်ပို့ရေးပေါ် မူတည်နေပြီး ဒီကိစ္စအတွက် အပေးအယူ ညှှိနှိုင်းဖို့ မရှိဘူးလို့ ပြောကြားခဲ့ကြောင်းလည်း CNN Turk သတင်းဌာနက ပြောပါတယ်။

အမေရိကန်ကတော့ တူရကီသမ္မတ Recep Tayep Erdogan ရဲ့ မဟာမိတ်ဟောင်းတယောက် ဖြစ်ခဲ့တဲ့ မစ္စတာ Gulen ကို တူရကီပြန်ပို့ဖို့အတွက် သူ့မှာ အပြစ်ရှိကြောင်း သက်သေ အထောက်အထား ရှိရမယ်လို့ တုံ့ပြန်ခဲ့တာပါ။

ကန်ဒုသမ္မတ Biden တူရကီသွားမည်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG