သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump သူ့စာအုပ်ရေးသူကို အပြစ်တင်


Newport မြို့ Barnes & Noble စာအုပ်ဆိုင်မှာတွေ့ရတဲ့ Fire and Fury: Inside the Trump White House စာအုပ်။ ဓါတ်ပုံ - AP
Newport မြို့ Barnes & Noble စာအုပ်ဆိုင်မှာတွေ့ရတဲ့ Fire and Fury: Inside the Trump White House စာအုပ်။ ဓါတ်ပုံ - AP

အမေရိကန်သမ္မတ Donald Trump က Fire and Fury ဆိုတဲ့ သူ့အကြောင်း စာအုပ်ရေးထားသူ Michael Wolff ကို သောကြာနေ့က ပြင်းပြင်းထန်ထန် တုန့်ပြန်သွားပါတယ်။

အဲဒီစာအုပ်ထဲမှာ သူ့ရဲ့ သမ္မတသက်တမ်း ပထမနှစ်အတွင်း ကသောင်းကနင်းလုပ်ရပ်တွေနဲ့ ကလေးတဦးလို နောက် စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိသူအဖြစ် ဖေါ်ပြထားတာတွေကြောင့်ပါ။

Michael Wolff ဟာ စိတ်ပျက်ငြီးငွေ့စရာကောင်းပြီး အလိမ်အညာတွေ မွှေနှောက်ထည့်ထားတဲ့ သူ့စာအုပ် ရောင်းကောင်းဖို့အတွက် ဇာတ်လမ်းဆင်ရေးသားတဲ့ လူ့အန္တ တဦးဖြစ်ပြီး သူကိုးကားရေးတဲ့သူဟာလည်း ယုတ္တိမရှိတာတွေကို ပြောကြားလေ့ရှိတဲ့ Steve Bannon လို့ဆိုပါတယ်။

အိမ်ဖြူတော် မဟာဗျူဟာရေးရာ အကြီးအကဲဟောင်း Bannon ဟာ သူ့ကို အဲဒီရာထူးကနေ ထုတ်ပစ်တုန်းက သူ့ကို ငိုယိုပြီး တောင်းပန်ခဲ့ကြောင်းနဲ့ အခုအချိန်မှာ အားလုံးဟာ သူ့ကို ခွေးတကောင်လို ဝိုင်းပယ်ထားကြောင်း သမ္မတ Trump ဟာ သောကြာနေ့နှောင်းပိုင်းက တွီတာမှာ ရေးသားပါတယ်။

မနက်ပိုင်းတုန်းကတော့ စာရေးဆရာ Wolf နဲ့ သူ့အကြောင်း စာအုပ်ကို တိုက်ရိုက် ရည်ညွှန်းပြောကြားတာမျိုးမရှိဘဲ အတုအယောင် သတင်းမီဒီယာတွေနဲ့ အလိမ်အညာစာအုပ် မကြာခင်နေရာတိုင်းမှာ တွေ့ရမှာကို မြင်ယောင်တယ်လို့ ရေးသားခဲ့ပါတယ်။

စာရေးဆရာ Wolff ကတော့ ဒီစာအုပ်မှာ ပါဝင်တာတွေနဲ့ ပတ်သတ်ပြီး သူ့အနေနဲ့ အခိုင်အမာ ရပ်တည်ကြောင်း ပြောကြားပြီး Donald Trump ဟာ ရှေ့နေကနေဆင့် စာပို့မှာဖြစ်သလို သူ့အပေါ် တိုက်ခိုက်မှာကိုလည်း ကြိုတွက်ထားတယ်လို့ ပြောပါတယ်။

Trump အနေနဲ့ ဘယ်လို စဉ်းစားလုပ်ကိုင်တတ်တယ်ဆိုတဲ့အကြောင်း သူ့အတွေ့အကြုံတွေအပေါ် အခြေခံရေးသားထားတယ်လို့ NBC ရုပ်မြင်သံကြားကို ပြောကြားပါတယ်။

သူ့အပေါ် ဘယ်လောက်ယုံကြည်ရမလဲလို့ မေးခွန်းထုတ်သူမှာ ပိုပြီး အယုံအကြည်မရှိစရာ ကောင်းသူဖြစ်ပြီး အခုအနေအထားထိပြောရရင် ဒီကမ္ဘာမှာ သူ့လောက် အယုံအကြည်ကင်းမဲ့စရာ ကောင်းသူ ရှိကောင်း ရှိမှာတောင်မဟုတ်ဘူးဆိုပြီး Michael Wolff က ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG