Australia နိုင်ငံရဲ့ လူနေအထူထပ်ဆုံးပြည်နယ်မှာ အခုထိငြိမ်းလို့ မနိုင်သေးတဲ့ တောမီးဟာ ပျက်စီးမှုအများဆုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး မီးသတ်သမားတွေ အပြင်းအထန် ကြိုးစားငြိမ်းသတ်နေရဆဲဖြစ်ပါတယ်။
အပူရှိန်ပိုပြီးမြင့်မားလာတာနဲ့ လေတိုက်နှုန်း တိုးလာမယ့် အနေအထား ရှိနေတာကြောင့် လာမယ့်ရက်တွေအတွင်း ပိုပြီး အန္တရာယ် ကြီးလာနိုင်ပါတယ်။ တနင်္ဂနွေနေ့မှာ New South Wales ပြည်နယ်အတွက် အရေးပေါ် အခြေအနေ ကြေညာချက်ကို ပြည်နယ်ဝန်ကြီး Barry O’Farell က ထုတ်ပြန်လိုက်ပါတယ်။
နေရာ ၆၀ လောက်မှာ အခုထိဆက်ပြီး တောမီးလောင်ကျွမ်းနေဆဲဖြစ်သလို ရပ်ကွက်အတော်များများအတွက် အခြေအနေ စိုးရိမ်နေရတယ် လို့ Australia ကျေးလက် မီးသတ်တပ်ဖွဲ့ RFS က ပြောပါတယ်။ ဒါ့အပြင် မီးလောင်ခံရတဲ့ အိမ်အရေအတွက် အခုထက် ပိုများလာနိုင်ပြီး ဗုဒ္ဓဟူးနေ့လောက်အထိ အခြေအနေ သိပ် မကောင်းနိုင်သေးဘူးလို့ ဆိုပါတယ်။
Sydney အနောက်ပိုင်းမှာရှိတဲ့ Blue Mountains ဒေသက ရပ်ကွက် အတော်များများအတွက် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ပေးချက်တွေ ထုတ်ပြန်တော့မယ်လို့ ခန့်မှန်းနေကြပါတယ်။ အစောပိုင်းတုန်းကတော့ လူဦးရေ ၇ သောင်းခွဲကျော်နေထိုင်တဲ့ ဒီဒေသ တခုလုံးက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွက အကြံပေးခဲ့တာပါ။ အခုတော့ မီးလောင်တဲ့ နေရာမှာ နေထိုင်သူတွေအတွက်ပဲ ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။