သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံရေး ကမ္ဘောဒီးယား ကို သြစတြေးလျ ငွေကြေး ထောက်ပံ့


့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး နဲ့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး ဒုက္ခသည်အရေး သဘောတူညီချက် လက်မှတ်ရေးထိုး။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)
့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး နဲ့ ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီး ဒုက္ခသည်အရေး သဘောတူညီချက် လက်မှတ်ရေးထိုး။ (စက်တင်ဘာ ၂၆၊ ၂၀၁၄)

ကမ္ဘောဒီးယားနိုင်ငံမှာ ဒုက္ခသည်တွေ အခြေချနေထိုင်ရေး ဆိုင်ရာ သဘောတူညီချက် တခုရဲ့ တစိတ်တပိုင်းအဖြစ် သြစတြေးလျ နိုင်ငံက ကမ္ဘောဒီးယားကို ဒေါ်လာ ၃၅ သန်းပေးမယ်လို့ ပြောလိုက်ပါတယ်။ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ကြီး Scott Morrison ဖနွမ်းပင်မြို့တော် ဆီရောက်သွားတဲ့အချိန်မှာ ကမ္ဘောဒီးယား ဆန္ဒပြသူတွေနဲ့ ကြုံရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆီပို့မယ့် ဒုက္ခသည်အရေအတွက်ကို သြစတြေးလျက ကန့်သတ်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။ ဒီအစီအစဉ်အရ သြစတြေးလျနိုင်ငံက ရာဇဝတ်ကျူးလွန်ဖူးတဲ့ နောက်ကြောင်းရှိသူတွေကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံရလိမ့်် မယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ပစိဖိတ်သမုဒ္ဒရာထဲက Nauru ကျွန်းလေးမှာ ထိန်းသိမ်းထားသူတွေပဲ ကမ္ဘောဒီးယားမှာ ရွှေ့ပြောင်းအခြေစိုက်ဖို့ အစပိုင်းမှာ အကျူံးဝင်မှာဖြစ်ပြီးတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ အစီအစဉ်စတင်ဖွယ်ရှိတယ်လို့ မစ္စတာမော်ရစ်ဆန်က ကမ္ဘောဒီးယား သတင်း ဌာနတွေကိုပြောပါတယ်။

လာမယ့်ကာလအတွင်း ဒုက္ခသည် လေးငါးယောက်လောက်ကို စမ်းသပ် လက်ခံမယ်လို့ ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီး Sar Kheng က ကြာသပတေးနေ့ မှာပြောပေမယ့် နောက်ထပ် အသေးစိတ်တွေကိုတော့ မပြောပါဘူး။

XS
SM
MD
LG