သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်လပ်ရေးမှတ်သားဖွယ်ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်


Məkətəbdə 17 nəfəri qətlə yetirən Nikolas Kruz həbs edilib
Məkətəbdə 17 nəfəri qətlə yetirən Nikolas Kruz həbs edilib

မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းနှင့်လွန်ခဲ့တဲ့(၆၉)နှစ်က သူမရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးခေါင်း ဆောင်ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမှီပြောကြားခဲ့တဲ့မိန့်ခွန်းနှိုင်းယှဉ်မယ်ဆိုရင် မြန်မာတွေလွတ်လပ်ရေးရရင် တာဝန်သိတတ်ကြဖို့နဲ့စည်းကမ်း ရှိကြဖို့တိုက်တွန်းထားတဲ့တူညီချက်တွေရှိ တာတွေ့ရပါတယ်။ အကြောင်းစုံကိုဒေါ်လှလှသန်းကတင်ပြမှာပါ။

မြန်မာနိုင်ငံရဲ့သမိုင်းတင်နိုဝင်ဘာလ (၈)ရက်နေ့ရွေးကောက်ပွဲကြီးမှာ အပြတ်အသတ်အနိုင်ရရှိလိုက်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်မှာ ဇန်နဝါရီလ (၄)ရက်နေ့ကကျင်းပခဲ့တဲ့ (၆၈)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အခမ်းအနားမှာ မြန်မာနိုင်ငံသားတွေဒီမိုကရေစီဖေါ်ဆောင်ရာမှာ ကိုယ့်နိုင်ငံကံကြမ္မာအတွက် အားလုံးလုပ်ဆောင်ကြရမယ်လို့တိုက်တွန်းခဲ့တာတွေ့ရပါတယ်။

“ကျမတို့လွတ်လပ်ရေးဟာမနုတော့ပါဘူး။ရင့်ကျက်လာပါပြီ။အခုကနေစပြီးကျမတို့အားလုံးဟာကိုယ့်နိုင်ငံရဲ့ကံကြမ္မာအတွက်တာဝန်ယူရမယ့်အချိန်ရောက်ပြီဆိုတာသဘောပေါက်ဖို့လိုပါတယ်။လူများမှာတာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့ဆက်ပြီးသွားလို့မဖြစ်ပါဘူး။လူတိုင်းမှာတာဝန်ရှိတယ်။ ကိုယ့်နိုင်ငံပြည်ထောင်စုတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့၊သာယာဖို့အတွက်၊ ညီညွတ်ဖို့အတွက် ကိုယ့်မှာတာဝန်ရှိတယ်ဆိုတဲ့စိတ်ဓါတ်နဲ့ ဆက်ပြီးလုပ်ရပါလိမ့် မယ်။တာဝန်မယူချင်လို့ရှိရင် လွတ်လပ်ရေးရဲ့အရသာကိုခံစားရမှာမဟုတ်ပါဘူး။ လွတ်လပ်ရေးအရသာတော့ ခံစားချင်တယ်၊တာဝန်တော့မယူဘူးဆိုတာဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကျမတို့လုပ်ရမယ့်အလုပ်တွေကလည်းအင်မတန်မှများပါတယ်။”

အလားတူပဲသူမရဲ့ဖခင်ဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကလည်း ဗြိတိသျှတို့လက်အောက်ကမြန်မာနိုင်ငံမလွတ်လပ်မှီတနှစ်အလို ဇူလိုင်လကပြောကြားခဲ့တဲ့ မိန့်ခွန်းမှာလည်း လွတ်လပ်ရေးရခဲ့ရင် မြန်မာနိုင်ငံသားတွေ အားလုံးဝိုင်းဝန်းကြိုးစား ကြရမယ်လို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားတို့ဟာလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးရနိုင်လောက်တဲ့စည်းကမ်းတွေရှိကြပါ။လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက်လဲပဲရှေ့ကိုလွတ်လပ်ရေးအရသာခံစားချင်တယ်၊ စံစားချင်တယ်ဆိုရင်လည်းပဲအလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ခုနေကတည်းက ခင်ဗျားတို့ကိုယ်ကိုခင်ဗျားတို့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီးလို့ကျနော်ကနေ့ပြောခဲ့မယ်။”

ဒါအပြင်လွတ်လပ်ရေးရပြီဆိုရင်မြန်မာနိုင်ငံသားတွေစည်းကမ်းရှိကြဖို့ကိုလည်း လမ်းပေါ် ထွက်ဆေးလှမ်းတဲ့ဖြစ်ရပ်ကိုမီးမောင်းထိုးပြပြီးဗိုလ်ချုပ်ကအခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။

“လွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင် စိတ်ကူးကနဲနဲဘယ်လိုကူးကြသလဲ ဆိုရင်ပဒေသာပင်ကြီးချက်ချင်းပေါက်လာတော့မလို၊ နေ့ချင်းညချင်းပေါက်လာတော့မလို ခင်ဗျားတို့ထင်ကြတဲ့သူတွေများကြတယ်။ တချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲဆိုတော့ ကျနော်တို့အရင်တခါတုန်းကတွေ့ခဲ့တာ ဂျပန်ခေတ်တုန်းက၊ ဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့လေ။ အဲဒီတုန်းကဆိုလိုရှိရင် လွတ်လပ်ရေးရပြီးဆိုပြီတော့ ဟင်္သာတနယ်ဖက်မှာ ကျနော်တို့တွေ့ခဲ့တယ်။ ဘာတွေ့လဲဆိုလို့ရှိရင် လမ်းမပေါ်မှာဆေးလှမ်းတယ်။ လွတ်လပ်ရေးရပြီကွဆိုပြီတော့ လူတကာသွားတဲ့လမ်းမပေါ်ထွက်ပြီးတော့ဆေးတွေလှမ်းတယ်။ အဲဒီတော့လမ်းသွားလမ်းလာလုပ်တဲ့သူတွေတော်တော်ဂွကျတယ်။ အဲဒါဟာလွတ်လပ်ရေးမဟုတ်ဘူး။ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ်ကဘာလဲ။လွတ်လပ်ရေးဆိုတာဟာ ကိုယ်တဦးတယောက်ကောင်းစားဖို့ဖြစ်စေ၊ တမျိုးသားလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမှာ အခြားတဦးတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ်ကိုယ့်တိုးတက်မှုအတွက်လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။”

အခုလာမယ့်အစိုးရသစ်ဖွဲ့ခွင့်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ကလည်း မျက်မှောက်အခြေအနေအရ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ လမ်းပိတ်တဲ့ဖြစ်ရပ်ကိုဥပမာပြုပြီး မြန်မာနိုင်ငံသားတွေစည်းကမ်း ရှိဖို့လိုအပ်တယ်လို့အခုလိုသူ့ရဲ့မိန့်ခွန်းထဲမှာပြောခဲ့ပါတယ်။

“ကျမတို့နေ့တဓူဝသွားလာလှုပ်ရှားနေရင်း အမြဲပဲဒီနိုင်ငံရဲ့အခြေအနေကို ကျမသုံးသပ်ပါတယ်။ အခုဒီလာတဲ့အခါကျတော့လမ်းကနဲနဲကားပိတ်နေတယ်။ ကားပိတ်နေတော့ကျမစဉ်းစားတယ်။ လမ်းကားပိတ်နေရတဲ့အကြောင်းက ဘာကြောင့်လဲ။ ကျမတို့ရုံးရှေ့မှာမရပ်သင့်တဲ့ ကားတွေရပ်ထား လို့လား။ ဒီလိုဆိုလို့ရှိရင်ဒီကားတွေကိုရပ်ထားတဲ့ကားပိုင်ရှင်များဟာ စည်းကမ်းမလိုက်နာတာပဲ။ ကိုယ့်အတွက်ပဲကိုယ်စဉ်းစားပြီးတော့ အများအတွက်မစဉ်းစားတာပဲ။ ဘာကြောင့်များလမ်းပိတ်နေ လဲလို့ကျမစဉ်းစားပါတယ်။အဲတော့ရုံးရှေ့ရောက်တဲ့အခါကျတော့ ဘာဖြစ်လို့လမ်းပိတ်နေသလဲဆို တော့တချို့ရုံးရှေ့မှာရှိတဲ့ပရိသတ်ကနေလမ်းပေါ်ကိုရောက်နေကြတယ်။ ဒါမဖြစ်သင့်ပါဘူး။ ကျမတို့လာပြီးတော့အားပေးတာ ကျမအများကြီးကျေးဇူးတင်တယ်။ပြည်သူလူထုရဲ့အင်အား၊ အားပေးမှုနဲ့ပဲကျမတို့ရပ်တည်ခဲ့ရတာ၊ရွေးကောက်ပွဲကိုလည်း ပြည်သူလူထုရဲ့အားပေးမှုနဲ့ပဲ ကျမတို့နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ကျမတို့ပြည်သူလူထုဟာ ဒီအင်အားတွေကိုစည်းကမ်း တကျနဲ့သုံးဖို့လိုပါတယ်။ အဲတော့ကျမအခုကတည်းကနေပြောပါရစေ။ လွတ်လပ်ရေးအချိန်အခါကနေ စပြီး လူတိုင်းလူတိုင်းဟာကိုယ့်စည်းကို ကိုယ်ထိန်းပြီးတော့ ကိုယ်တတ်နိုင်သမျှ ဒီနိုင်ငံမှာ စည်းကမ်းရှိရှိနဲ့အားလုံးအတွက်အဆင်ပြေအောင်လို့နေစေချင်ပါတယ်။ လမ်းမပိတ်ဆို့တဲ့ကိစ္စကစ၊ အသေးကလေးတွေကစမှ ကျမတို့ အကြီးကြီးတွေကိုကိုင်တွယ်နိုင်မှာပါ။”

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံခဲ့ရစဉ်က တနှစ်အရွယ်သာရှိသေး တဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုဆို အသက်(၇၀)ပြည့်ပြီဖြစ်ပြီး မြန်မာနိုင်ငံ ရဲ့အစိုးရ သစ်ကိုမကြာမှီဦးဆောင်တော့မှာ ဖြစ်ပါတယ်။ခုလိုဖခင်နဲ့သမီးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ခေါင်း ဆောင်နှစ်ဦးတို့ပြောကြားခဲ့တဲ့မိန့်ခွန်းမှာနောက်ထပ်တူညီတဲ့အရေးကြီးတဲ့အချက်တချက်ကတော့မြန်မာနိုင်ငံလွတ်လပ်ရေးအဓွန့်ကြာရှည်ဖို့အတွက်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရှိဖို့ကအရေးကြီးတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG